ဝေဟင်ထက်မှဂျက်လေယာဉ်သံမှာ အနားမှနီးကပ်စွာဖြတ်သန်းသွားသည့်နှယ် ကျယ်လောင်စွာထွက်ပေါ်လာချိန် ဘန်မှာ ကောင်းကင်အားတစ်ချက်မော့ကြည့်လိုက်မိ၏။သို့သော် ကောင်းကင်ယံ၌မည်သည့်လေယာဉ်အရိပ်အယောင်မှမမြင်ရ။ထို့အစား ဝက်သစ်ချပင်ပေါ်သို့ကျရောက်လျက်ရှိသော နေပျောက်ကြားသည်သာ သူ့မျက်နှာထက်ဖြာကျလာခဲ့သည်။
ပတ်ဝန်းကျင်၏ဆိတ်ငြိမ်မှုသည်ကား သစ်ကိုင်းခြောက်တို့အချင်းချင်းပွတ်တိုက်သံကိုပင် ကြားရနေသည်အထိ။အရာရှိများသာနေသော နေရာဖြစ်၍ထင် ဆူညံမှုသည်ကား ဤနေရာနှင့် လားလားမျှမသက်ဆိုင်သလို။
"ဘန် ပင်ပန်းနေပြီလား"
အိမ်ဖက်မှလာသောအသံသည် လေပြေကဲ့သို့ချိုသာစွာ။အနောက်လှည့်ကြည့်မိတော့ အီသန်မှာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လျက် သူ့ဖက်ကိုလျှောက်လာနေခဲ့သည်။
လုပ်ယူထားခြင်းမရှိပါသော ထိုသူ၏ဟန်အမူအရာကား ခန့်ညားစွာ...ရှည်လျားသောခြေတံများအား လှမ်းရုံနှင့်ပင် ဆွဲဆောင်မှုရှိလှသည်မဟုတ်ပါလား။
"မပင်ပန်းပါဘူး။ရထားမောင်းလာရတာမှမဟုတ်တာ။ဒီတိုင်းလေးထိုင်စီးလာတာပဲကို"
"ဒါတော့လည်းဒါပေါ့။ဒါပေမယ့် နယူးယောက်ခ် နဲ့ Texas ကဝေးသပါ့ကို...နောက်မှ ဘန့်ဖေဖေနဲ့အတူ ကားနဲ့လိုက်လာတာမဟုတ်ဘူး"
"ကျွန်တော်စောလာတာကို အီသန်ကသဘောမကျလို့လား"
ဘန့်စကားကြောင့် အီသန်မှာပြာပြာသလဲဖြစ်သွားပြီး
"မဟုတ်တာ။ဘယ့်နှယ်ကြောင့် ကိုယ်က ဘန်ကိုယ့်ဆီလာတာကိုသဘောမကျဘဲနေမလဲ။ကိုယ်ပြောတာ မင်းပင်ပန်းမှာစိုးလို့"
"ကျွန်တော်ပြောတယ်မလား။ဒီတိုင်း ခင်ဗျားကိုသတိရလို့ဂျေးနဲ့အတူလိုက်လာခဲ့တာဆိုတာ"
နှစ်ကြိမ်မြောက်ပြောခြင်းဖြစ်တဲ့ ထိုစကား...ဘန်ဟာသူ့ကိုသတိရသတဲ့။အနက်အဓိပ္ပာယ်ဖွင့်လို့ လေးနက်တဲ့စကားလုံးလေးတစ်ခုကိုရွေးပြောရင် ဒီစကားက ဘန်ဟာသူ့ကိုလွမ်းပါသတဲ့ ဆိုတဲ့အဓိပ္ပာယ်မမြောက်ဘူးလား။
YOU ARE READING
𝐓𝐡𝐞 𝐍𝐢𝐠𝐡𝐭 𝐖𝐞 𝐌𝐞𝐭 : 𝐇𝐄𝐄𝐇𝐎𝐎𝐍
FanfictionWe met, we loved and we vowed that only death can do us apart. - the whole fic is just an imagination - [ Written in Burmese ]