𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟱

645 65 14
                                    

[ ကပ္ပတိန်အီသန်လီ၏ဒိုင်ယာရီ - စာမျက်နှာနံပါတ်သုံး ]

23rd August, 1933

'လွမ်းတယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်က ဘယ်လောက်ထိနက်ရှိုင်းမလဲ။ ထွေးပွေ့ခြင်းဆိုတဲ့အပြုအမူနောက် ဘယ်လောက်အတိုင်းအတာထိ တစ်ဖက်သားအပေါ် ခံစားချက်တွေသက်ရောက်မလဲ။ ဒီလိုသေးငယ်တဲ့မေးခွန်းတွေကိုပေါင်းစည်းလိုက်ရင် ရလာမယ့် အဖြေရှာမရတဲ့ပုစ္ဆာတစ်ခုရဲ့အဆုံးသတ်မေးခွန်းကရော ဘယ်လောက်များအရင်းအနှီးများလိုက်မလဲ...

စွန့်စားရတဲ့ကိစ္စတွေကိုသဘောကျနှစ်ခြိုက်ပြီး စွန့်လွှတ်ခြင်းနဲ့နေသားကျနေခဲ့တာမှန်ပေမယ့် အဆုံးသတ်အဖြေကိုသေချာမသိတဲ့ဒီအရာအတွက်တော့ ကိုယ်မစွန့်စားချင်ဘူး။ စွန့်လွှတ်လိုက်ရမယ့်အရာတွေအတွက်လည်း ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဘန်'

-
-
-

နယူးယောက်မြို့သည်မိုးသည်းသောနေ့များ၌ပင် ငြိမ်သက်ခြင်းမရှိ သွားလာလှုပ်ရှားသူတို့မှာ လမ်းမများထက်အစဉ်မပြတ်။ ဘတ်စ်ကားတို့သည် မိုးရေထဲရေဗွက်အိုင်များကိုနင်းကျော်ကာ အရှိန်ပြင်းပြင်းဖြတ်သန်းသွားကြသကဲ့သို့ စက်ဘီးခေါင်းလောင်းတီးသံများမှာလည်း မိုးသံနဲ့အတူရောယှက်လျက်သား။

မြို့ပြဟူသည့်အတိုင်း နေပူပူမိုးရွာရွာ လူစည်ကားမှုကလျော့နည်းမသွားသည့်တိုင် နယူးယောက်မြို့၏ ဆိတ်ငြိမ်ရပ်ကွက်တစ်နေရာတွင်မူ မိုးစက်တို့အိမ်ခေါင်မိုးပေါ်ရိုက်ခတ်သံ၊ ရေနုတ်မြောင်းငယ်တို့မှရေစီးသံ၊ လေတိုးသံတို့မှအပ အရာရာသည် ရုပ်သေကားချပ်တစ်ခုအလားရှိနေခဲ့သည်။

ထိုသို့ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသောရုပ်သေကားချပ်တစ်ခု၌ သံစဉ်တစ်ချို့သည် မိုးသံတို့အားမဖြတ်ဖောက်နိုင်သည့်တိုင် အိမ်ခြံဝင်းထဲရှိသစ်ကိုင်းများထက် မိုးခိုနားနေကြသော စာငှက်တို့၏အာရုံအား ဖမ်းစားရန်လုံလောက်ခဲ့သည်။

မိုးရေတို့ပက်ဖြန်းထား၍ရေစက်များတွဲခိုနေသောမှန်ပြတင်းထံသို့လှမ်းမျှော်ကြည့်ပါလျှင်မူ လိုက်ကာမချထားသော ထိုမှန်မှတစ်ဆင့် စာကြည့်ခန်းထဲရှိပုံရိပ်နှစ်ခုအားတွေ့နိုင်မည်ပင်ဖြစ်သည်။

𝐓𝐡𝐞 𝐍𝐢𝐠𝐡𝐭 𝐖𝐞 𝐌𝐞𝐭 : 𝐇𝐄𝐄𝐇𝐎𝐎𝐍Where stories live. Discover now