Brooklyn's night music store ဟူသော စာသားသည် မှန်ချပ်ထက်ခပ်နက်နက်ဆေးသားဖြင့်ရေးထားရာ နေရောင်ဖြာကျချိန်၌ ဆိုင်တွင်းသစ်သားကြမ်းပြင်ထက် အရိပ်ထင်နေခဲ့သည်။အေးငြိမ့်သော jaz တီးလုံးသံမှာ အညိုရောင်ခြယ်သောဆိုင်အတွင်း မတိုးမကျယ်လွှင့်ပြန့်နေ၏။ ကားလမ်းမကြီးနှင့်ကပ်လျက်ရှိသော ပလက်ဖောင်းနံဘေးရှိ သီချင်းခွေအရောင်းဆိုင်ဖြစ်သော်ငြား ကာရံထားသောမှန်ချပ် နှင့် တီးလုံးသံတို့သည် အပြင်ဖက်မှ မော်တော်ကားသံတို့အား ဖုံးလွှမ်းလိုက်သည့်နှယ်...
လူသိပ်မများသော သီချင်းခွေအရောင်းဆိုင်ထဲဖြစ်ရာ အဝင်ဝနားရှိ ကက်စက်အရောင်းနေရာနား၌ရပ်နေသောအီသန်အဖို့ အတွင်းဖက်ရှိ ခေတ်ပေါ်တိပ်ခွေများရောင်းသောနေရာမှ အညိုရောင်ပုံရိပ်လေးအား တကူးတကရှာရန်မလိုခဲ့။
ဘန်မှာမူ စင်ပေါ်တွင်စီတန်းထားသော သီချင်းတိပ်ခွေများအား စိတ်ဝင်တစားကြည့်နေခဲ့သည်။
ဘန့်ကိုကတိပေးထားတဲ့အတိုင်း Brooklyn သို့လိုက်ပို့ပေးခြင်းဖြစ်ရာ ဂျိတ်ခ်မှာမူ ဂျေးခေါ်ရာနောက်ပါသွား၍ သူတို့နဲ့အတူမလိုက်လာခဲ့။ Brooklyn ကိုရောက်တော့ သူ့ထက်ဤနေရာအား ပိုအကျွမ်းဝင်သော ဘန်မှာ ဤသီချင်းဆိုင်ဆီသို့ခေါ်လာခဲ့တော့သည်။
အထွေထူးရယ်ဝယ်စရာမရှိသည်ဖြစ်ရာ အီသန်မှာ မျက်စိရှေ့ရှိ မဂ္ဂဇင်းတစ်အုပ်အားယူ၍ ဖတ်နေခဲ့သည်။ သို့မူကား သူ့အာရုံသည် နှစ်မိနှစ်တစ်ခါလောက် ဘန့်ဆီသို့ လှမ်း၍ကြည့်နေမိ၏။
အတန်ကြာပြီးနောက် အီသန်မှာ မဂ္ဂဇင်းအားအာရုံစိုက်မိသည့်တစ်ခဏ ဘန်မှာ အီသန့်ဘေးသို့ ရောက်လာပြီး
"American Boy Magazine... အီသန်က fiction တွေဖတ်တတ်တာလား"
ဘန့်အမေးအား အီသန်မှာ မဂ္ဂဇင်းကိုလက်မှချ၍
"ကိုယ်အဲ့လိုတွေဖတ်လေ့ဖတ်ထမရှိပါဘူး။ အခုကမျက်စိရှေ့မှာတွေ့တာနဲ့ ယူဖတ်မိတာ"
"အော်... အင်းလေ အီသန့်လိုလူက အဲ့လိုစိတ်ကူးယဉ်ဇာတ်လမ်းတွေဘယ်ကြိုက်ပါ့မလဲ"
"မကြိုက်ဘူးဆိုတာထက် ကိုယ်မဖတ်ဖြစ်တာ။ သိတဲ့အတိုင်း လေတပ်ကအလုပ်တွေနဲ့ ကိုယ့်မှာအဲ့ဒါတွေဖတ်ဖို့အချိန်မရှိဘူးလေ"
YOU ARE READING
𝐓𝐡𝐞 𝐍𝐢𝐠𝐡𝐭 𝐖𝐞 𝐌𝐞𝐭 : 𝐇𝐄𝐄𝐇𝐎𝐎𝐍
FanfictionWe met, we loved and we vowed that only death can do us apart. - the whole fic is just an imagination - [ Written in Burmese ]