Part-(2)Zawgyi

1K 37 2
                                    

အတိတ်ဆို တာချန်ထားခဲ့လို့ရတဲ့ ပစ္စည်းတွေမဟုတ်တော့
ကျွန်တော် ဘယ်လိုပဲ သယ်ပိုးမသွားချင်ပေမယ့် သယ်ပိုးစရာမလိုလောက်အောင် သွားရာကို အရိပ်လို ကပ်ပါနေခဲ့တာက ကျွန်တော် လက်မှိုင်ချခဲ့ရတဲ့ ကျွန်တော့် ရဲ့ အားနည်းချက်တွေပေါ့
ဒါပေမယ့် အတိတ်တွေက ပဲ ကျွန်တော့်ကို သံသယာ တစ်ဖန်ပြန်လည်ဖို့ လမ်းစတွေကို အလိုလို သွေးဆာင် လမ်းပြ နေပြန်တယ်

...... ...... ...... .......

"အင်ပါယာရဲ့ နေမင်းကြီးကို ဂါဝရ ပြုပါတယ်"

အလုပ် စားပွဲ မှာ ထိုင်နေတဲ့ သူက မနက်ခင်း ထွက်ပေါ်လာတဲ့ နေမင်းကြီးပမာ ရှင်းသန့်လျှက် ချောမောနေခဲ့သည်။

မျက်ဝန်းတွေ တစ်ချက်ပင့်မော့လာခဲ့ပြီး
အရှေ့မှ သူ့အား ဂါရဝပြုနေသော အတွင်းရေးမှူးအား

"တစ်ခုခု တင်ပြစရာ ရှိနေလို့လား ရှယ်လီ"

သူ့အမူအရာ ကို တစ်ချက် အကဲခတ်နေတဲ့ အတွင်းရေးမှူး မလေး ကြောင့် သူတစ်ချက်မျက်မှောင် ကြုတ်ကာ

"တွေဝေနေတာ မကြိုက်ဘူးနော်"

သူနည်းနည်းဆူလိုက်မှ အတွင်းရေး မှူး မလေးက နည်းနည်းစိတ်ဂနာမငြိမ်ရာမှ လှုတ်လှုတ်ရှားရှားဖြစ်လာပြီး

"စိုးရွံ့မိပါတယ်အရှင်
ရှယ်လီက နည်းနည်း တွေးစရာကိစ္စလေးတွေ ရှိနေလို့
အရှင်သဘောမကျမှာလည်း စိုးမိပါတယ်"

ကောင်မလေး ကအတွေ့အကြုံနုနယ် သူတော့မဟုတ်

ရှုတ်ထွေးသော pheromone နံ့တွေမရှိသည့် beta ချောချောလေး

ကိုယ်ခံပညာကို ပါတတ်ကျွမ်းထားသူလေးပင်

အင်ပါယာအရှင်သခင်၏ အနားမှာရပ်တည်ရခြင်းသည် တော်ရုံ တန်ရုံနှင့်တော့ အဆင်မပြေခဲ့
အချိန်မရွေးသတိကြီးနေခဲ့ရတာမျိုးပင်

လက်ရှိတွင်တွန့်ဆုတ်နေပုံ ကသူ့ကိုအဆင်မပြေစရာအကြောင်းတစ်ခုခုတင်ပြရန် ရှိနေမှန်း သိသာလွန်းနေသည်။

"လက်ခံသင့်မခံသင့်က ကိုယ်ဆုံးဖြတ်ရမှာလေ ရှယ်လီ
မင်းတို့က ဘယ်လို အကြောင်းအရာပဲ ရှိလာလာ ကိုယ့်ကို တင်ပြရမယ့် သူတွေပဲ
ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်လို့ ရလာတဲ့ result ကို လက်ခံရတာထက်
တာဝန်ကိုကျေပြွန်အောင်မထမ်းဆောင်နိုင်တာက ပိုပြီး အပြစ်မကြီးလေးဘူးလား"

ဇိုး(ဇိုး)Where stories live. Discover now