Part-(27)

2.4K 223 9
                                    


အမှန်တော့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းမှာ

ဘယ် character လေးကမှ  လူဆိုးမဆန်ခဲ့ပါဘူး

အရာရာ ဟာ လောကပုံသေကားချပ်ပေါ်မှာ အသားတကျရှိနေခဲ့ ကြတာမို့

..... .... .... ....

မှေးစက်နေသော မျက်ဝန်းတွေကို ဖွင့်ချလိုက်ချိန်တွင်တော့ အခန်းထဲတွင် pheromone ရနံ့တို့က မွှန်ထူးနေခဲ့ကာ ပေါင်းစည်းခြင်းတော့ မရှိခဲ့

ဆန့်ကျင်နေသည်လည်းမဟုတ်
တသီးတခြား ရစ်ဝဲနေသည်မျိုး
နေကြာရနံ့ ဆန့်ကျင်ဘက် Pheromone တွေသည် သူ့အတွက် အရိုင်းဆန်မနေ
အများကြီးနွေးထွေး မှုကို ဖြစ်စေသည်။

သူအများကြီး ခေါင်းကို အလုပ်ပေးသော်လည်း တစက်စက်သာ ကိုက်ခဲလာသည်မို့ လက်လျှော့လိုက်ရသည်။
သည်နေရာက သူနှင့်ရင်းနီးနေသော ပတ်ဝန်းကျင်မဟုတ်

ရင်ခွင်ထဲမှ စောင်နှင့် လုံးထွေးနေသော အရာကို ဆွဲယူ မော့ကြည့်တော့ သူခေါင်းတွေချာချာလည်သွားသလို ခံစားလိုက်ရသည်။
သူအတော်လေး လွန်သွားပြီထင်သည်။
သည်လူက မရင်းနှီးသော်လည်း မျက်မှန်းတန်းမိနေသည့် လူတစ်ယောက်

ဘာကြောင့်များ နာမည်ကြီး model မင်းသားတစ်ယောက်နှင့် သူဟာ တစ်ကုတင်ထဲမှာ လက်လွန်ခြေလွန်တွေဖြစ်ကုန်ကြတာလဲ
သူက အဲလောက် အသိမဲ့တတ်သူမှမဟုတ်တာ

သူ့မှာ Jimin ရှိနေသည်။
Jimin မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ခံဖို့ဆိုသည်မှာ သူတစ်ခါမှ မမက်ဖူးသည့် အိမ်မက်လို

လူးလွန့်လာသော ခန္ဓာကိုယ်နှင့်မျက်နှာလေးက ရှုံ့မဲ့နေခဲ့ပြီး စင်းကျနေသော မျက်တောင်လေးတွေက ဖွင့်ကြည့်လာကာ သူ့ကိုစိုက်ကြည့်လာသည်။

ဘာပြောရမှန်းမသိစွာ အကြပ်ရိုက်သွားသော်လည်း ထိုသူက ဘာမှမပြောစွာ သူ့ကို စိုက်ကြည့်နေသည်။
အကဲခတ်နေတာလည်း ဖြစ်နိုင်ပေသည်။

"ခင်ဗျား ကျုပ်ကို ဖြေရှင်းချက်ပေးသင့်တယ်လို့မထင်ဘူးလား"

"ဘာကို ဖြေရှင်းပေးရမှာလဲ မောင်"

Tae စိတ်အိုက်သွားရကာ အိပ်ယာမှ ထပြီး ဆံပင်တွေကို သပ်လိုက်သည်။
နေကြာရနံ့တွေခနေသူကလည်း အလူးအလဲ လိုက်ထလာခဲ့ကာ သူ့မျက်နှာကို မျက်တောင်မခတ်တမ်းကြည့်နေသည်။

ဇိုး(ဇိုး)Where stories live. Discover now