Part-(38)

2.2K 218 14
                                    


"Jimin"

စံအိမ်၏ ပန်းခြံထဲတွင် လက်သေးသေးတွေက အရောင်အသွေးစုံလင်လှသည့် ပန်းတွေကို ထိတွေ့ယုယနေရင်းမှ ခေါ်သံတစ်ခုကြောင့် တန့်သွားရသည်။

သည်အသံက သိပ်ရင်နှီးနေသော အသံမို့ မျက်မှန်အောက်မှ မျက်ဝန်းတွေသည် အသံလာရာဘက်သို့စောင်းငဲ့ ကြည့်မိသည်။

မမြင်ခဲ့ရသည့် နှစ်တွေအတွင်း Tae ဟာ သူ့အမြင်အာရုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထပ်တူညီသော အပြုံးတွေဖြင့်သူ့အနားကို ရောက်လာတိုင်း ပြုံးပြတတ်စမြဲ

"Tae"

အနားရောက်လာသည်နှင့်လက်သေးသေးတွေကို ဖမ်းဆုပ်လာတဲ့ သွယ်လျတဲ့ လက်ချောင်းတွေကို Jimin တစ်ချက်ပြန်ကြည့်မိသည်။

"အင်း ကိုယ်ရောက်နေပြီ
ကိုယ်က မင်းကို အစားကောင်းကောင်းမစားမှာစိုးတာ

အခုမြင်လိုက်ရတော့ စိတ်ချမ်းသာသွားပါပြီ"

"မင်းရော နေကောင်းရဲ့လား
အဆက်အသွယ်တွေ ဖြတ်ရလောက်တဲ့အထိ ဘာတွေ လုပ်နေတာလဲ Tae

သခင်မကြီးက မင်းကို စိတ်ပူနေတာ"

"ဖြည်းဖြည်းမေးပါကွာ ကိုယ်ပြောမှာပေါ့"

ဥယျာဉ်ထဲမှ ကျောက်စားပွဲဝိုင်းလေးဆီသို့ ခေါ်သွားကာ Jimin အားထိုင်စေပြီး Tae ကအနားတွင်လာထိုင်သည်။

"ကိုယ် လုပ်ကြံခံခဲ့ရတယ်

ပြီးတော့ ကိုယ့်ကို လူတစ်ယောက်က ကယ်ပေးခဲ့တာ

တစ်လလောက် သတိလစ်နေခဲ့တော့ အဆက်အသွယ် ပြတ်သွားတာ

ကိုယ် သတိရတော့ အခြေအနေတွေကြောင့် မဆက်သွယ်နိုင်ခဲ့ဘူး"

လက်သေးသေးတွေက လက်ချောင်း သွယ်သွယ်တွေကို ဆုပ်ကိုင်လာပြီး

"တော်သေးတာပေါ့ မင်းကို ကူညီမယ့်သူရှိနေလို့

မင်းဒီလို အခြေအနေထိ ရောက်နေချိန်မှာ ကူညီပေးနိုင်သူက တော်ရုံလူတော့ မဖြစ်နိုင်ဘူး"

"အာ.. အင်းသူက သာမာန်လူတစ်ယောက်မဟုတ်ပေမယ့်
သိပ်လည်းလျှို့ ဝှက်တော့ ကိုယ် သူ့အကြောင်းကို သိပ်များများစားစား မသိဘူး"

ဇိုး(ဇိုး)Where stories live. Discover now