Part-(39)

2.1K 224 19
                                    



သုံးရက်မြောက်သော နေ့တွင် ဂေဟာက ဝန်ထမ်းများကို နှုတ်ဆက်လျှက် ထိုသူက မှာကြားစရာရှိသည်များကို မှာကြားနေသည်။

တစ်ခါတစ်ရံ သည်လူ၏ အခန်းကဏ္ဍက သည်ဂေဟာ တွင် ဘယ်နေရာက မှန်းမသိသော် လည်း ရောက်နေသည့် ရက်နည်းနည်းတွင် ဝန်ထမ်းတွေဖြင့် သွားရောက်ဆွေးနွေးနေတတ်သည်။

ထိုအချိန်မျိုးတွင် Jeon က ထိုသူ့ကို လိုက်ပို့ပေးပြီး Jeon ကစားဖိုဆောင်တွင် ထိုသူ့အတွက် စားစရာ တစ်ခုခု သွားရောက်ပြင်ဆင်ပေးတတ်သည်။

စားဖိုဆောင်မှလူများက ထိုသူ့အတွက်ဆိုသည်နှင့် ချက်ချင်း ကူညီတတ်ကြလေသည်။
မေးခွန်းတွေ အများကြီး မမေးဖြစ်သော်လည်း သည်ဂေဟာနှင့် ထိုသူဟာ ဆက်နွယ်မှု ရှိနေမည်မှန်းတော့ သိပါသည်။

လေးရက်မြောက်နေ့တွင်တော့ Jeon က ထိုသူနှင့် အတူ အိမ်ပြန်ရန် ပြင်ဆင်ခဲ့သည်။
ထိုသူ့ ခရီးဆောင် အိတ်ကို လွယ် လိုက်ကာ

"ကျွန်တော့် လက်ကို ကိုင်ထား"

"ကိုယ်လမ်းလျှောက် နိုင်ပါတယ်"

Jeon ထိုသူ၏ ငြင်းဆန်မှုတွေကို မသိဟန်ပြုလိုက်ကာ လက်တစ်ဖက်ကို သွားရောက်ဆုပ်ကိုင်လိုက်သော်လည်း ထိုသူကဆက်လက် ငြင်းဆန်ခြင်းမပြုတော့

ကားအနားရောက်သည်နှင့် တံခါးကို ဖွင့်ကာ ဝင်စေပြီး ခါးပတ်ကို သေချာ ပတ်ပေး ဖြစ်သည်။
ငယ်ရွယ် သေးတဲ့ ကောင်လေး၏ အနီးကပ် မြင်နေရသော ကြည်ရှင်းနေသော ပါးပြင်ကို Jimin ငေးကြည့်နေမိသည်။

တကယ့်ကို ငယ်သေးတာပဲ
ဘဝတွင် သည်လို ကောင်ငယ်လေးက သူ့ကလေး၏ အဖေ ဖြစ်လာလိမ့်မည်ဟု စိတ်ကူးထဲတွင် တစ်ခါမှမရှိဖူးခဲ့

Jeon က အိတ်ကို ကားနောက်ခန်းတွင်ထည့်ကာ မောင်းသူ နေရာတွင်ဝင်ထိုင်လိုက်ပြီး စောင်ပါးလေး တစ်ထည်ကို Jimin အောက်ပိုင်းတွေအား ခြုံပေးလာသည်။

Jimin နားမလည်သလို ပြန်ကြည့်မိတော့
ကောင်လေးက သဘောပေါက်ဟန်ရှိကာ

"ညဘက်ကတည်းက ခင်ဗျားခြေထောက်တွေ အေးနေတယ်

Shoe ကို ချွတ်လိုက်ပါလား
လေးနာရီလောက် ကားမောင်းရမှာ

ဇိုး(ဇိုး)Where stories live. Discover now