Part-(55)Zawgyi

422 23 1
                                    


"ငါမင်းဆီကို ဘာဖြစ်လို့ ပြန်ရောက်လာလဲသိလား Tae

တကယ်တော့ ငါက မင်းတို့မိသားစုဆီက
အကြွေးတချို့ တောင်းဖို့ ပြန်လာခဲ့တာ"

"အကြွေး?"

"မင်းမှတ်မိလား Tae ငါတို့ ငယ်ငယ်တုန်းက ဒီအခန်းထဲမှာ
မင်းငါ့ကို စန္ဒယားတီးပြခဲ့တာလေ
အဲ့အချိန်တုန်းက ငါတို့ အရမ်းပျော်ခဲ့ကြတာ

အဲနေ့က ငါ အိမ်ပြန်ရောက်တော့ အရိုက်ခံရတယ် သိလား
တစ်ခါမှ ငါ့ကိုလက်ဖျားနဲ့မှ မထိခဲ့ဖူးတဲ့ အဖေက ငါ့ကိုရိုက်ခဲ့တာ

ဘာ့ကြောင့်လဲဆိုတော့ ငါက omega ဖြစ်နေလို့တဲ့
ငယ်ရွယ်သေးတဲ့ ငါ့အတွက် အပြစ်တစ်ခုလုပ်လိုက်မိတာလားတောင် တွေးမိတယ်

မေမေပြန်ရောက်လာတော့ ဖေဖေနဲ့စကားတွေထပ်များကြတယ်

အဲဒီနောက်ပိုင်းမှာ အဖေက ငါ့ကို အရင်လို မနွေးထွေးတော့ဘူး

အိမ်လည်းသိပ်မကပ်တော့သလို
အိမ်ပြန်လာရင်လည် မေမေနဲ့ စကားတွေပဲ များနေခဲ့ကြတယ်"

လာဗင်ဒါလေးက ထိုင်နေရာမှထလာပြီး စန္ဒယားခလုတ်တွေကို လက်တစ်ဖက်ဖြင့် ကစားသည်။
ထို့နောက် ရေးရေးလေးပြုံးကာ

"ငါအသက် အရွယ်တစ်ခုရလာမှ သုံးသပ်မိတာက ဒါဟာ ငါomega ဖြစ်နေလို့ မဟုတ်ဘူး

အကြောင်းပြချက် တစ်ခုသက်သက်ပဲဆိုတာသိလိုက်ရတယ်
ငါတို့မွေးဖွားလာတာ ငါတို့ဖြစ်တည်မှုအတွက် ရွေးချယ်လို့မှ မရဘဲ"

"တကယ်တော့ ငါ့ အဖေက ဖောက်ပြန်နေခဲ့တာလေ အဟွန်း

ဘယ်သူနဲ့လို့ မင်းသိချင်လား

မင်းဦးငယ် Han Yan ဆိုတဲ့ လူနဲ့ပေါ့"

Tae မျက်ဝန်းတွေ လှုတ်လှုတ်ရှားရှား ဖြစ်သွားရသည်။

"မဖြစ်နိုင်တာ ဦးငယ်က...
ဦးငယ်က ဒီလောက် အနေအေး ခဲ့တာ.."

"မယုံဘူး မဟုတ်လား
အင်း ငါ မင်းအတွေးတွေကို နားလည်နိုင်ပါတယ်

ငါလည်းမင်း ဦးငယ်ကို  အပြစ်မပြောချင်ပါဘူး
မင်းဦးငယ်ကလည်း နယ်ရုပ်သာသာလေးပဲမို့

ဇိုး(ဇိုး)Where stories live. Discover now