05

910 129 179
                                    

#Zawgyi

" လုပ်ကြပါဦး၊နမ်ဂျွန်ဟျောင်း ! ဂုကီးပူလို့
အအေးလေးမှာပေးပါဦး၊အိုက်ဂူး ပူလိုက်တာ၊
မုန့်လေးပါမှာပေးဦးနော် "

သူတို့အတူဝိုင်းစုထိုင်နေကြစားပွဲဘက်သို့
ပြေးလာပြီး ထိုင်ချကာမှာစရာတွေဆက်မှာနေတဲ့ အမွှေစိန်ဂုကီးလေး။နမ်ဂျွန်ကတော့ သူ့ညီကို
ကြည့်ရင်း ခေါင်းခါမိတယ်။

သူကြားပါတယ်။မနက်ကလည်း ထယ်ယောင်းနဲ့
ရန်ဖြစ်တာလည်းမဟုတ်ဘဲ ကားပေါ်မှာ အထက်တန်းကျောင်းသားလေးနဲ့ရန်ဖြစ်လို့
ထယ်ယောင်းကိုမေးကြည့်ရင်းကနေ သိလာတာ။
ဒါတောင်ထယ်ယောင်းကပြောသေးတယ်။
သူလုပ်လို့ဖြစ်သွားတာတဲ့။

" ခဏလေးစောင့် ဟျောင်းမှာပေးမယ်၊ပြီးရင်
ပြောစရာရှိတွေရှိသေးတယ် "

နမ်ဂျွန်ကထသွားပြီး မုန့်နဲ့အအေးမှာပေးကာ
အဆင်သင့်ယူလာပေးသည်။ဟမ်ဘာဂါနဲ့
အာလူးချောင်း၊ကိုလာကြိုက်တက်တဲ့
သူညီလေးကြောင့် မှာပေးရသေးတယ်။
မဟုတ်ရင် ဘူဆန်သားကစွာတက်သည်။

" ကျေးဇူးပါ ဟျောင်း "

သူစားချင်တာတွေရရော ကျေးဇူးတင်ကြောင်းကို ပြောပြီးမုန့်စားနေတယ်။နမ်ဂျွန်ကတော့ ပြုံးရင်း
သူ့ညီကိုကြည့်ပြီး သတိတရစကားပြောရသည်။

" အမွှေစိန် ထယ်ယောင်းကိုလေ ဆံပင်သိပ်မဆွဲနဲ့နော် သိလား...မင်းထက်လည်း အသက်ကကြီးတယ်၊ပြီးတော့သူအစထည်းက
လူကြိုက်သိပ်များတာ ဒါကြောင့်__ "

" သူလူကြိုက်များတာ ဂုကီးနဲ့မှမဆိုင်ဘဲ၊ဂုကီးရဲ့ ဖင်ကိုကိုင်လို့ ဆုံးမပေးတာပါ "

ဂုကီးစကားကြောင့် နမ်ဂျွန်ရယ်လိုက်တယ်။
ထယ်ယောင်းနဲ့မတည်တာလည်း အဲ့လိုကိစ္စတွေ၊
အငယ်လေးကဆံပင်ဆွဲရင် ဟိုကရတာကိုဆွဲရော
နှစ်ယောက်လုံးကလိုက်ပါပေတယ်။

ထယ်ယောင်းက လူကြိုက်များတာမို့ ရုပ်ဆိုးအောင် ဆံပင်ရှည်ထားရာမှ ပိုဆိုးတာဖြစ်လို့ သူ့မှာအေးဆေးနေတာ။
ဆံပင်ရှည်နဲ့မလိုက်ဖက်ဘူး ပြောလည်းမရ၊
' ငါကြိုက်တယ်၊ငါကိုမကြိုက်ရင်ပြီးရော '
ဆိုတာတွေကြောင့်မို့ လွှတ်ပေးထားတာ။
ကြည့်ပါသေးတယ်၊နောက်ကြအမွှေစိန်ကြောင့်
ဆံပင်ညှပ်ရမယ်ဆိုတာကို။

My Baby Is A Bad BunnyWhere stories live. Discover now