19

807 113 146
                                    

-Zawgyi

ထယ်ယောင်းက စွာတေးကိုဖွင့်ပြောပြီးနေ့က
ဟိုဆော့တို့နဲ့သောက်ပြီးမူးနေတာကြောင့် အိမ်ကို
ပြန်မသွားခဲ့ပါ။မိဘတွေအိမ်သာ သူပြန်ဖြစ်သည်။
အိမ်ရောက်တော့ ဒယ်ဒီနဲ့မာမီကသူ့ကိုမူးသည့်
အကြောင်းအရင်းမေးပြန်တော့လည်း သူမဖြေ။
စွာတေးကချစ်တယ်လို့ပြောမှသာ သူ့မိဘတွေကို
သူပြောပြတော့မည်လေ။

အခုတော့စွာတေးကို လွမ်းလို့အိမ်ကိုပြန်ဖြစ်ခဲ့
သည်။စွာတေးလည်း စာမေးပွဲဖြေထားတော့
ကျောင်းပိတ်ရက်အိမ်မှာ အနားယူနေပြီဆိုတော့
သူ့အလွမ်းပြေလေးရှိကို သူပြန်ရောက်လာခဲ့၏။
အလွမ်းပြေလေးကတော့ သူ့ကိုတောင်မျှော်နေ
သေးမှာမဟုတ်ဆိုတာ သူသိနေသည်။သူ့ကိုယ်သူ
တကယ်အံ့ဩသည်။စွာတေးကိုလည်း ချစ်မိလို့
ဘယ်လိုဖွင့်ပြောဖြစ်သွားမလဲ။ဟိုဆော့တို့တောင်
ပြောသည်။မင်းအတော်မူးပြီး ငါတို့ကိုအမွှေစိန်
လေးအကြောင်းပဲပြောနေတာတဲ့။အင်းပေါ့။
သူ စွာတေးကိုမှချစ်မိသွားတာကို။

" ကိုယ့်ကိုရော စွာတေးလေးလွမ်းနေမလား "

ထယ်ယောင်းအတွေးတွေကိုဖျောက်ကာ အိမ်Passwordကိုရိုက်လို့ အထဲဝင်လာသည်။
အထဲရောက်တော့ ဖိနပ်စင်ရှေ့ဖိနပ်ချွတ်ရင်း
တွေ့သည်က တစိမ်းမိန်းမစီးဖိနပ်ရယ်၊
ယောကျာ်းစီးဖိနပ်တစ်ရံရယ်ဖြစ်သည်။

သူရှူးချွတ်လိုက်ကာ အထဲဝင်တော့ ပန်းကိုင်ထားသည့်အန်တီတစ်ယောက်နဲ့တိုး၏။
ထိုသူက သူ့ကိုကြည့်ပြီးပြုံးပြနေတာ။စွာတေးနဲ့
တောင်တူသေးသည်။

" မေမေ...ပူတူးဗိုက်ဆာနေပြီလေ၊ပူတူးကို
ထမင်းချက်ပေးတော့လေ..ဩော်..လူရမ်းကား
ရောက်နေပြီကို၊ဟျောင်းရေ...လူရမ်းကား
အိမ်ပြန်လာပြီ "

သူနဲ့ထိုအန်တီနဲ့အကြည့်ချင်းစုံနေတုန်းစွာတေးက အပေါ်ထပ်မှဆင်းလာကာစကားဆို၏။မေမေတဲ့။
ဒါဆိုသူက စွာတေးရဲ့မေမေပေါ့။စွာတေးကတော့
သူ့ကိုတွေ့တွေ့ချင်း နမ်ဂျွန့်ကိုခေါ်ပေးသည်။
နမ်ဂျွန်က အခန်းထဲမှထွက်လာကာ သူ့အား
ပုခုံးဖက်လို့စကားဆိုသည်။

" ထယ်ယောင်းရောက်နေပြီပဲ၊ဒေါ်လေးဂျွန်
ဒါကကျွန်တော်တို့သူငယ်ချင်း ကင်မ်ထယ်ယောင်း
တဲ့လေ၊ဒေါ်လေးသားနဲ့သိပ်တည့်တာ "

My Baby Is A Bad BunnyWhere stories live. Discover now