28

535 69 127
                                    

#unicode

ကျောင်းပြန်စတက်ရမည့်နေမို့ ထယ်ယောင်းက
အရင်ဆုံးအိပ်ရာမှထကာ ရေချိုးကာအဝတ်လဲထားပြီးပြီဖြစ်သည်။Backpack,ထဲစာအုပ်တွေစုံလားစစ်ရသေးသည်။ကျောင်းပြန်စတက်ရမည့်ရက်မို့ စာအုပ်မစုံရင် အဆူကလည်းခံရဦးမှာဆိုးလို့။

စာအုပ်တွေစုံအောင်စစ်ပြီးတာနဲ့ သူ့ဘေဘီရဲ့အခန်းထဲသွားကာ စာအုပ်တွေထည့်ပေးရသည်။Backpack,အနက်ရောင်ထဲစာအုပ်တွေတောင်
နှစ်အုပ်လားပဲရှိသည်။ထပ်တွေ့ရတာက မုန့်ခွံတွေချည်းသာ။ဘေဘီလေးက တအားဆိုးတာပဲ။

" ဟင်း ဒီဘေဘီလေးနဲ့တော့ခက်ပြီကွာ။ဒါလေးကို အချစ်ပိုနေရတော့လည်း ကင်မ်ထယ်ယောင်းတို့ အတော်ထိန်းရခက်ပြီ "

Backpack,မှမုန့်ခွံအိတ်တွေထုတ်ရင်း ခပ်တိုးတိုးပြောလိုက်မိသည်။ပြီးမှ သူ့ဘေဘီလေးအတွက် စာအုပ်တွေစီထည့်ပေးပြီး အခန်းထဲသို့ပြန်ဝင်လာသည်။အခန်းထဲရောက်တော့ ခေါင်းရင်း၊ခြေရင်းမှားအိပ်နေသည့်သူ့ဘေဘီလေးကိုနှိုးရသည်။

" ကိုကို့ဘေဘီပိစိလေး ကျောင်းသွားရမယ်လေ။
ကိုကိုတို့ ဒီနေ့ကျောင်းပြန်တက်ရမှာသိတယ်မလား။ "

ထယ်ယောင်းက အိပ်ရာပေါ်တက်ရင်းသူ့ဘေဘီရဲ့ နဖူးလေးကိုခပ်ဖွဖွနမ်းလို့ နှိုးလိုက်သည်။အသံကို ထွက်မလာသေးဘဲ နှုတ်ခမ်းသာစူနေသည့်ဂုကီး ဖြစ်သည်။

" ကိုကို့ဘေဘီပိစိလေးရေ အဟမ်း...မနက်စာ,စားရမယ်လေ။ဒီညနေ ဘေဘီပိစိလေးနဲ့Date,ဖို့လုပ်
ထားတယ်လေဗျာ။ "

ထယ်ယောင်းက ပြောင်းပြန်အိပ်နေသည့်သူ့ဘေဘီစွာတေးအနားလှဲချလိုက်ရင်း ပါးဖောင်းလေးကို
ခပ်ဖွဖွနမ်းရင်း ချော့နှိုးရသည်။စွာတေးကတော့ ညကစောစောအိပ်ရဲ့သားနဲ့ မနှိုးသေးတာ။

" ဟင်း...ဘယ်လိုဖြစ်နေတာလဲ။သူများက အိပ်နေတာကို။သူများအိပ်နေရင် မနှိုးရဘူးဆိုတာကို
နားမလည်ဘူးလား။ "

" နားလည်ပါတယ်ဗျာ။ဒီနေ့ကျောင်းပြန်တက်ရမဲ့ နေ့လေ။ပြီးတော့ ညနေကြဘေဘီနဲ့ကိုယ်တို့Date, မယ်လို့ပြောထားတယ်လေ။ "

ထယ်ယောင်းက မျက်လုံးလေးမှိတ်ထားသည့်
ဂုကီးရဲ့ပါးဖောင်းလေးကိုနမ်းလိုက်ကာဖြင့် ချော့ပြီးနှိုးပြန်တော့ စွာတေးလေးအိပ်နေရင်းမှမျက်မှောင်ကြုံ့သွားသည်။

You've reached the end of published parts.

⏰ Last updated: May 28 ⏰

Add this story to your Library to get notified about new parts!

My Baby Is A Bad BunnyWhere stories live. Discover now