15

764 123 161
                                    

#Zawgyi

တိတ်ဆိတ်နေသောဧည့်ခန်းထဲ၌ နမ်ဂျွန်က
ဆိုဖာအလယ်၌ထိုင်ပြီး အမွှေစိန်ဂုကီးမှာ
ဘေးဘက်ကနေရာ၌ထိုင်ကာ ငိုမဲ့မဲ့လေးဖြစ်လို့ လက်ပိုက်ထားသည်။ ဟိုဆော့ကတော့ ဆိုဖာလက်တန်းပေါ်ထိုင်ပြီး ဂုကီးကို ကြည့်နေရင်း၊ယွန်းဂီကကော်ဖီသောက်ကာ ဂုကီးဘေးမှာထိုင်သည်။ထယ်ယောင်းကသာ မက်တပ်ရပ်လို့နံရံကိုမှီပြီး ဂုကီးကိုကြည့်နေ၏။

" ဖြစ်ပြီမလား၊အစ်ကိုဖြစ်သူက စိတ်ပူလို့မလုပ်
ခိုင်းရတာနဲ့တင် မင်းမွှေချသွားတာ၊အခုတော့
ဆိုင်ရှင်ဦးလေးကြီးကို ဘယ်လောက်တောင်
အားနာလိုက်ရသလဲ "

ဆိုင်မှာအလုပ်လုပ်ချင်းကို မွှေချလိုက်တဲ့ပြဿနာ
ကြောင့် ဦးလေးကြီးမှာဆပ်ပြာတုန်းကိုတက်နင်း
မိလို့ ခါးနာသွားပြီးဆေးရုံမှာအနားယူရသည်။
တော်သေးတာက ခါးလေးပဲနာသွားလို့။ကျိုးသွား
ရင်ပွဲကတကယ်လှမည်။

နမ်ဂျွန့်မှာတော့သူ့ညီကြောင့် ဖြစ်လာသည်ကို
မနည်းဆေးရုံအထိလိုက်တောင်းပန်ရသည်။ပြီးမှ
ဆိုင်ကနေသွားခေါ်လာခဲ့ရသည်။အခုကြသူအမှား
မလုပ်ထားသည့်အတိုင်း ငိုမဲ့မဲ့လေးဖြစ်လို့။

" ခါးလေးပဲနာသွားတာပါ ဟျောင်းရဲ့ "

နမ်ဂျွန့်ကိုမော့ကြည့်လို့ အသံသေးလေးဖြင့်
ဖြေသည်။နမ်ဂျွန်ကတော့ စိတ်တိုနေတာမို့
ခေါင်းခါကာ...

" ဘယ်လောက်ပဲနာနာလေ၊လူကြီးဆိုတော့
မတော်လို့အရိုးကျိုးသွားရင် ဘယ်လိုလုပ်မလဲ "

နမ်ဂျွန်ကခါးကိုလက်ထောက်ရင်းဖြေသည်။
ဂုကီးမှာတွော အစ်ကိုဖြစ်သူရဲ့စကားကြောင့်
နှာခေါင်းလေးရှုံ့လို့ပြန်ဖြေသည်။

" ဂုကီးအမှားမဟုတ်ပါဘူး၊လူချောချောလေးကို
သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ဘာသာရှိုးထုတ်လို့
ဖြစ်သွားတာလေ၊ခံပေါ့နော် "

" ဒီကောင်လေး ငါလုပ်လိုက်ရ ! "

ဂုကီးကပြောသည်ကို နမ်ဂျွန့်မှာလက်သီးဆုပ်ဖြင့်
ခပ်ဖွဖွလေးထုဖို့လုပ်သည်။သို့ပေမဲ့ကြားထဲကနေ ထယ်ယောင်းက ကာလိုက်သည်မို့အံ့ဩရခြင်း။

My Baby Is A Bad BunnyWhere stories live. Discover now