20

957 105 161
                                    

- Zawgyi

" လူရမ်းကား ကျုပ်ဘယ်လိုလုပ်ရမလဲ၊ဖေဖေက
အရမ်းကပ်စီးနဲတာ၊သူ့ကဒ်ကိုသူကမေမေ့ထက်
တောင်ပိုချစ်သေးတာ "

ကဒ်ပျောက်သည့်ကိစ္စကြောင့် ကစားကွင်းမှာ
ပတ်ရှာခဲ့ပေမဲ့ မတွေ့တာကြောင့်အိမ်သို့ပြန်လာ
ခဲ့ရသည်။အိမ်ရှေ့ကိုရောက်တော့ စွာတေးက
လူရမ်းကားရဲ့ လက်မောင်းကိုချိတ်တွယ်လို့
ကြောက်လန့်စကားဆိုသည်။

ထယ်ယောင်းကလည်း ဆိုင်ကယ်ကိုသေချာ
သေချာရပ်ကာ စွာတေးရထားသည့်အရုပ်ကို
ကိုင်ပေးရင်း စွာတေးပုခုံးကိုဖက်လို့စကားဆို၏။

" ဘာမှမဖြစ်ဘူး၊ကိုယ်ရှိတယ် စိတ်ချလိုက်၊
ဘေဘီ့ကိုအဖေက မဆူစေရဘူး "

ထယ်ယောင်းကပြောတော့ စွာတေးမှာလည်း
မျက်နှာငယ်လေးဖြစ်နေကာ စိတ်မချနိုင်ဖြစ်၏။
သူ့အဖေကကြောက်ရဆုံးဖြစ်သည်။ကဒ်ကိုသိပ်
ချစ်တာ။ပိုက်ဆံကလည်း ကပ်စီးကုတ်တက်တော့
အခုဆိုပိုဆိုးမှာပါလေ။ဒါကြောင့်မို့ ထယ်ယောင်း
ဘေးကနေလက်ထဲဖုန်းကိုင်ရင်း ဝင်လာသည်။

" ဩော်ဟော...ရောက်လာပြီလား၊ဖုန်းသာဝယ်
တာ ကမ္ဘာပတ်ဝယ်နေတယ်ထင်တာ "

အိမ်ထဲရောက်တော့ ဆိုဖာ၌သတင်းစာထိုင်
ဖတ်နေသည့်ဂုကီးရဲ့အဖေကတံခါးဖွင့်သံကြားလို့
သူတို့ဘက်ကိုလှည့်ကြည့်ကာ စကားဆိုသည်။
ထယ်ယောင်းကတော့ ထိုစကားကြောင့်
ပြုံးလိုက်ရင်း....

" တောင်းပန်ပါတယ် အဖေ၊ကျွန်တော်တို့ ကစားကွင်းဝင်လိုက်သေးလို့ပါ "

ထယ်ယောင်းနဲ့ဂုကီးက အခုချိန်ထိဖိနပ်ချွတ်သည့်
နေရာနားရမှရပ်ကာ  ဖြေလိုက်သည်။ထိုသည်ကို
ဂုကီးရဲ့အဖေက ထယ်ယောင်းရဲ့လက်မောင်းကို
ပြတ်ထွက်မတက်ညှစ်ချိတ်ထားတဲ့ ဂုကီးကိုတွေ့
တော့ မျက်မှန်ကိုပင့်တင်ရင်းစကားဆိုသည်။

" သားဂုကီး ဖုန်းဝယ်လာတယ်ပေါ့၊ဘာဖုန်းလဲ၊
အဖေ့ကိုပြစမ်းပါဦး "

အဖေက ရယ်မောစွာဖြင့်သတင်းစာကိုဘေးချကာ
ဂုကီးကိုခေါ်သည်။ဂုကီးကတော့ သူ့အဖေခေါ်လို့
မထွက်သေးဘဲ ထယ်ယောင်းကျောအနောက်၌
ပုန်းလိုက်သေးတာ။နှုတ်မှလည်း ထယ်ယောင်းရဲ့ ကျောပြင်နားကိုကပ်၍ 'လူရမ်းကား'ကယ်ပါဦးလို့ အသံသေးသေးလေးဖြင့်ပြောနေသေးသည်။

My Baby Is A Bad BunnyWhere stories live. Discover now