အပိုင်း၃

121 16 3
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃

အမြီးကိုးချောင်းကြောင်တွေ အကုန်လုံးက စာလုံးအကြီး M တွေ

ဤသည်မှာ 'ရေစက်ရှိသည့်လူ'တစ်ယောက်ပင်။

စီနီယာက ပြောပြဖူးသည်။အမြီးကိုးချောင်းကြောင်၏ တကယ့်ခန္ဓာကိုယ်အစစ်ကို မြင်နိုင်သည့်လူတွေ အကုန်လုံးက ၊ ရေစက်ရှိသည့် လူများ ဖြစ်သည်။သူတို့တွေက ဆုတောင်းတစ်ခု ပြုနိုင်ကြပြီး ၊ အမြီးက်ိုးချောင်းကြောင်တွေက အမှန်တကယ် ဖြစ်လာအောင် သူတို့ကို ကူညီပေးရမည်။တန်ကြေးကတော့ အမြီးတစ်ချောင်း ဆုံးရှုံးလိုက်ရခြင်းပင်။

ရေစက်ရှိသည့်လူ ဆိုသည့် ဒီအခေါ်အဝေါ်ကို သူ တစ်လျှောက်လုံး အရမ်း သဘောမကျခဲ့မ်ိပေ။ဒီလူတွေနှင့် သူ့အကြားရှိ ရေစက်မှာ ၊ သူ့အတွက်ကတော့ ၊ အမြီးကိုးချောင်း ပြည့်ပြီး မသေလမ်းပေါ်ရောက်အောင် တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းနေသည့် လမ်းပေါ်တွင် ၊ အနောက်ကို ခြေလှမ်းအနည်းငယ်လောက် ပြန်နောက်ဆုတ်စေသည်။ထို့အပြင် အရမ်း ရေစက်ရှိလွန်းနေတာကြောင့် ၊ သူ အရှေ့တိုးလိုက် အနောက်ဆုတ်လိုက်ဖြင့် နှစ်ပေါင်းတစ်ရာပင် ကြာသွားပြီဖြစ်သည်။

သို့သော်လည်း အမြီးကိုးချောင်းကြောင်၏ နက်ရှိုင်းနေသည့် ဗီဇတစ်မျိုးက ၊ သူ့အား ရေစက်ရှိသူ၏ ဆန္ဒကို ငြင်းဆန်နိုင်စွမ်း မရှိ ဖြစ်နေစေသည်။သူ တစ်ကြိမ်ပြီးတစ်ကြိမ် စိတ်မပါစွာဖြင့်ရေစက်ရှိသူ၏ ဆန္ဒကိုတကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးခဲ့ရပြီး ၊ တစ်ကြိမ်ပြီး တစ်ကြိမ် အမြီးတစ်ချောင်းထွက်လာအောင် ဖြည်းဖြည်းချင်း ကျင့်ကြံခဲ့ရသည်။ပြီးနောက်တွင်တော့ ဖြစ်နေကျအတိုင်း.......ရေစက်ရှိတဲ့လူတွေ ဘယ်ကနေ ဒီလောက်အများကြီး ရောက်လာရတာလဲ။သူ ဒီကိစ္စကြောင့် တစ်လျှောက်လုံး အရမ်းကို မပျော်မရွှင် ဖြစ်နေရသည်။

စူးကွေ အရင်တုန်းက ပြောပြဖူးသည်။မင်းတို့ အမြီးကိုးချောင်းကြောင်တွေ အကုန်လုံးက M တွေ။ပြီးတော့ စာလုံးအကြီး M။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now