အပိုင်း၉

105 25 0
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၉

ကျိရှောင်းရဲ့ မေးခွန်းတစ်သိန်း

ကျိရှောင်း အဆောင်ကို ပြန်ရောက်သည့် အချိန်၌ ညစာစားချိန်ပင် ရောက်နေပြီဖြစ်သည်။နေ့လည်တုန်းက ထမင်း မစားလိုက်ရဘူး ဆိုသော်လည်း ၊ အခုအချိန်မှာတော့ ဗိုက်ဆာသလ်ို မခံစားရပေ။

"ရှောင်ဟွား ! " လင်ဇီက ကျိရှောင်းအနောက်ကနေ လျှောက်လာနေပြီး ၊ စင်္ကြံလမ်းထဲ ကွေ့၀င်လိုက်သည်နှင့် ၊ မနေ့က ထောင့်ထဲတွင် ကျိရှောင်းချထားသည့် စက္ကူသေတ္တာထဲ၌ ကြောင်လေးရှောင်ဟွားတစ်ကောင် ပိုနေမှန်း မြင်လိုက်ရရာ "ငါ အမြင်မှားတာ မဟုတ်ဘူး မလား ၊ တကယ် ရှောင်ဟွားပဲ ! "

"တော်တော်လေး ထူးဆန်းတယ် ၊ ကြောင်စာဘူး ရှိသေးတယ် ၊ မင်းယူပြီး သူ့ကိုကျွေးလိုက်တော့" ကျ်ိရှောင်းမှာ အရမ်းကို ဖြူဖျော့စွာဖြင့် တစ်ခွန်း ပြန်ပြောလိုက်ပြီး ၊ ကိုယ့်အခန်းကိုယ် ပြန်၍ ၊ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ငေးငိုင်နေမိသည်။

သူ ကုန်လှောင်ရုံအပေါ်ကို ဖော်ပြလို့မရသည့် ကြောက်လန့်မှုတစ်မျိုး ရှိသည်။ဒီနေ့ မီးတွေ ၊ မီးခိုးထူထူကြီးတွေ ၀န်းရံနေသည့် ကုန်လှောင်ရုံကို တွေ့လိုက်ရသည့် အချိန်၌ ၊ ဒီလိုခံစားချက်က အရမ်းကို ပြင်းထန်လာခဲ့သည်။သူ ကုန်လှောင်ရုံထဲ ၀င်သည့်အချိန်ကဆို ခေါင်းလှည့်ကာ ထွက်ပြေးချင်သလိုမျိုး ခဏခဏ ဖြစ်နေခဲ့သည်။

ကုန်လှောင်ရုံ ၊ မီးခိုးငွေ့ ၊ မီး ၊ ဒီအရာတွေမှာ လွန်ခဲ့သည့် နှစ်များကတည်းက အိပ်မက်ထဲတွင် အပြန်ပြန်အလှန်လှန် ပေါ်ပေါက်လာခဲ့ပြီး ၊ အဆက်မပြတ် သူ့ကို နှိပ်ဆက်နေသည်......ညဘက်တွင် အိပ်မက်ဆိုးကြောင့် လန့်နိုးလာခဲ့သည့် အချိန်တိုင်း ၊ သူ့တစ်ကိုယ်လုံး ချွေးအေးတွေ ထွက်နေတတ်သည်။ပင်ပန်းနေသည်မှာ မီတာအချို့ကို ​ခုနကမှ ပြေးလာခဲ့သလိုပင်။

ကျိရှောင်းမှာ မျက်လုံးကို မှိတ်လိုက်မိသည်။ယွမ်ဟန် ၊ တောင်းပန်ပါတယ်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now