အပိုင်း၈

108 26 2
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၈

တုံးအတဲ့ လူသားတွေ !

ကျိရှောင်းတို့ အဆောင်က တတိယထပ်တွင် ဖြစ်သည်။သူနှင့် လင်ဇီတို့ ပြေးလိုက်လာတာ လှေကား၀ကို ရောက်လာသည့် အချိန်၌ ၊ ကြောင်မည်းလေးမှာ လှေကားအတိုင်း ပြေးဆင်းသွားတာ ဒုတိယထပ်ကို ရောက်သွားပြီ ဖြစ်သည်။

ကျိရှောင်းမှာ ပြည်တွင်းဖြစ်ကြောင်အပေါ် စိတ်အားမထက်သန်ပေ။သို့သော်လည်း ကြောင်လေးကို ပြန်ယူရန်အတွက် အရမ်း စိတ်အားထက်သန်နေမိသည်။တစ်ခြားကြောင့်တော့ မဟုတ်ပေ။ဒီကြောင်က ချန်ယွီ၏ ကြောင် ဖြစ်နေလို့ပင်။ကြောင်သာ သူ့လက်ထဲတွင် ပျောက်သွားခဲ့ပါက ၊ ချန်ယွီမှာ သူ့အား အတုံးလိုက် အတုံးလိုက်ဖြစ်အောင် ခုတ်ထစ်၍ ကြောင်စာလုပ်ပစ်လောက်သည်ဟု သူ ထင်နေမိသည်။

သူ လှေကားလက်ရန်းပေါ် မှီ၍ အောက်ဘက်ကို ကြည့်လိုက်သည်။ကြောင်မည်းလေးက ဒုတိယထပ်ကနေ ခေါင်းမော့၍ သူ့အား တစ်ချက်ကြည့်လာသည်။အကြည့်ထဲတွင် ပြောမပြတတ်သည့် အဓိပ္ပါယ်တွေ ပါနေသည်။သူ ဒီကြောင်မည်းလေး၏ အထင်အမြင်သေးတာ ခံလိုက်ရသည်ဟု တစ်ချ်ိန်လုံး ခံစားနေရသည်။

ပြေးသည့် ကိစ္စတွင် ၊ ကျိရှောင်းက လုံး၀ ပြိုင်ဘက်ကင်းသည့် အရည်အချင်းမျိုး ဖြစ်သည်။သို့သော်လည်း လှေကားပေါ်တွင် ကြောင်တစ်ကောင်နှင့် အပြေးပြိုင်ပါက ၊ အားသာချက်မှာ သူ့ဘက်တွင် လုံး၀ မရှိတော့ပေ။သူ အောက်ဘက် လှေကားနှစ်ထစ်လောက်သာ ဆင်းရသေးသည့် အချိန်မှာပင်၊ ကြောင်မည်းလေးက လှေကားအလယ်ကနေ အောက်ဘက်ကို တစ်ခါတည်း ခုန်ချသွားခဲ့ပြီ ဖြစ်ကာ ၊ ဒုတိယထပ်ကို ရောက်သွားပြီဖြစ်သည်။

ကျိရှောင်းမှာ ထိုအနေအထားကို မြင်လိုက်ရသည်နှင့် စိတ်တွေ လောလာမိသည်။အဆောက်အဦးထဲမှ ထွက်လိုက်တာနှင့် ဌာန၏ ခြံ၀န်းလေး ရှိသည်။သစ်ပင်တွေ မြက်ပင်တွေ တစ်ပြုံကြီး စိုက်ပျိုးထားရာ ၊ ကြောင်သာ ထွက်​ပြေးသွားပါက ထပ်ဖမ်းဖို့ရာ လုံး၀ အခွင့်အလမ်း မရှိတော့ချေ။သူ အံတစ်ချက် ကြိတ်လိုက်ပြီး ၊ လက်ဖြင့် လက်ရန်းပေါ် အားပြုကာ အောက်ကို လှိမ့်ဆင်းလိုက်သည်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now