အပိုင်း၁၀

101 22 0
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၀

အမြီးကိုးချောင်းကြောင်ဆိုတာ ဘာလဲ


ဆယ်နာရီခွဲတွင် တပ်ဖွဲ့ထံ တိုင်ကြားမှူ ရောက်ရှိလာခဲ့သည်။ပြောတာတော့ ယွိရှန်းတံတားကြီးပေါ်ကနေ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက် မြစ်ထဲ ခုန်ချသွားသည်ဟု ဆိုသည်။ကျိရှောင်းတို့ အဖွဲ့မှာ အခင်းဖြစ်ပွားရာနေရာထံ ထွက်လာခဲ့လိုက်ကြသည်။

တာ၀န် လက်မခံရသေးခင် အချိန်၌ ၊ ကျိရှောင်းမှာ ဂျူတီခန်းထဲတွင် ထိုင်၍ ထန်ဖောက်ဖောက်နှင့် ပစ္စည်းကိရိယာတွေ ထုတ်ဖို့အကြောင်း မက်ဆေ့ပို့ကာ ပြောနေခြင်း ဖြစ်သည်။

သေချာပေါက် တစ်စုံ လုပ်ရမယ်။ဟိုဘောင်းဘီက သားရေအတွင်းခံဘောင်းဘီကြီး။ထန်ဖောက်ဖောက်က အရမ်းကို စိတ်၀င်စားစွာဖြင့် သူ့ထံ မက်ဆေ့တစ်စောင် ပို့လာသည်။

သောက်ကောင်။ဘောင်းဘီအတိုပါ။လောင်ဇီ လိုင်းပေါ်တက်ပြီး မကြည့်ဘူးလို့ မင်းထင်နေတာလား။

အဲ့အပေါ်က ရင်စည်း မဆိုးဘူးမဟုတ်လား။အရောင်ကိုလည်း ရောစာလို့ ရသေးတယ်။ကျားသစ်သားရေတစ်ခု လုပ်လိုက်ရင် ဘယ်လိုလဲ ၊ ယောကျာ်း။

မိန်းမ ၊ မင်းက lli တစ်ယောက်နော်။ကိုယ့်ကိုကိုယ် အဲ့လိုပုံစံမျိုး မဆင်ယင်လို့ ရမလား?ငါ ဘယ်လ်ိုဖြစ်ပြီး မင်းလိုလူနဲ့ ဆုံမိသွားရတာလဲ။

ငါ့ရင်ဘက်က ကြီးတယ်လေ။

လစ်လိုက် !

နောက်ပိုင်း ထန်ဖောက်ဖောက်က ဘာအကြောင်းအရာတွေ ပို့လာမှန်း ၊ ကျိရှောင်း မကြည့်အားတော့ပေ။လင်ဇီနှင့်အတူ ကားပေါ် ပြေးတက်၍ ၊ ယွိရှန်းတံတားဆီ ထွက်လာခဲ့လိုက်သည်။

"တံတားက ဘယ်လောက်မြင့်တာလဲ?2မီတာ?" ကျိရှောင်းက ကားပေါ်တက်ပြီးနောက်တွင် တစ်ခွန်းမေးလိုက်သည်။ယွိရှန့်တံတားကြီးမှာ မြို့ထဲတွင် မြစ်ကိုဖြတ်ဆောက်ထားသည့် တံတားသုံးခုထဲက အကြီးဆုံးတံတားတစ်ခုဖြစ်သည်။တည်ဆောက်ပြီးသည့်နေ့မှစ၍ ကိုယ့်ကိုကိုယ် သတ်သေသည့် နေရာ ဖြစ်လာခဲ့သည်။တစ်ခြားသူတွေ မသိလောက်သော်လည်း သူတို့ကတော့ အရမ်းကို ရှင်းရှင်းလင်းလင်း သိသည်။လတိုင်း အနည်းဆုံး လူတစ်ယောက်ကတော့ ထိုတံတားပေါ်ကနေ ခုန်ချတတ်သည်ပင်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now