Ethereally
(1)
ကျယ်ဝန်းလှပတဲ့ အဝါရောင် ကျူ့လစ်ပန်းခင်း၊ ခရမ်းရောင် လာဗင်ဒါ ၊ အဖြူရောင် ဒေစီ၊ မြစိမ်းရောင် မြက်ခင်းစိမ်းတို့အလယ်တွင် ခမ်းနားလှတဲ့ အဝါရောင်အိမ်တော်ကြီးက ထီးထီးကြီး ၊ မြေနီ အဝင်လမ်းထိပ်ကပင် မြင်နေရသည်။
ကြက်သွေးရောင် ဆေးနီနီတို့ သုတ်ထားပြီး ရွှေရောင်အနားကွပ်ထားသည့် မြင်းလှည်းတစ်စီးက အဝင်လမ်းအတိုင်း မနှေးမမြန် ခုတ်မောင်းလို့ လာခဲ့သည်။ အိမ်ကြီးဘေးက မိုးမခပင်အောက် မြင်းလှည်းရပ်လိုက်သည့်အခါ တံခါးကို ဖွင့်လို့ သွက်လက်ပေါ့ပါးသည့် ခြေလှမ်းတို့က ဆင်းလာပြီး အိမ်ကြီး ဆင်ဝင်ကတည်းက မြူးတူးစွာ အသံကျယ်ကျယ်ဖြင့် ...'' ကိုကိုကြီးရေ ကိုကိုကြီး ..." ဟု ခေါ်လျက် အိမ်ထဲသို့ ဝင်လာတော့သည်။ သူသည် တုံ့နှေးခြင်း မရှိ၊ ရှက်ရွံ့ခြင်းလည်း မရှိ၊ ဤအိမ်တော်သည်ကား သူ ဝင်ထွက်မြဲ ရှိသလို။
"ဪ သခင်လေးရှင်း ရောက်လာပါပြီလား ... မြို့စားကြီး အပေါ်ထပ် စာကြည့်ခန်းမှာ ရှိပါတယ်"
ခါးကုန်းကုန်းနှင့် အနက်ရောင် ဂါဝန်ဝတ်ဆင်ထားသည့် အသက် ၆၀ ခန့်ရှိသည့် မိန်းမကြီး တစ်ယောက်က မပြုံးလွန်း၊ မတည်လွန်း မျက်နှာထားဖြင့် အရိုအသေပေး နှုတ်ဆက်လိုက်သည်။
"ဟိ ဟုတ် အန်တီ အန်နီ... တက်သွားတော့မယ်နော် "
"ကိုကိုကြီးရေ ..."
စာကြည့်ခန်း တံခါးရှေ့ ရောက်တဲ့အခါ သူဟာ ပြုံးလွန်းမက ပြုံးနေတဲ့ မျက်နှာပိုးကို သတ်လိုက်ပြီး၊ အခန်းတံခါးကို အသာအယာ သုံးချက်ဆင့်ခေါက်လိုက်သည့်အခါ အထဲမှ ''ဝင်ခဲ့ပါ '' ဟူသော မတိုးမကျယ်ဖြင့် တည်ငြိမ်၍ချိုမြသော အသံကို ကြားရပါမှ လက်ကိုင်ဖုကို လှည့်၍ ဝင်လာခဲ့လိုက်သည်။
'' ကိုကိုကြီး ယွန်း ရောက်ပြီ ''
ထိုအခါမှ မျက်မှန်အဝိုင်းကို ချွတ်လိုက်ပြီး ဖတ်နေသည့် စာအုပ်ကို စာညှပ်လေး ထည့်၍ အသာအယာ ပိတ်လိုက်ကာ သူ့ကို ပြုံးပြလို့ ခေါ်တော့သည်။
''ယွန်းလေး... ကိုကြီးက စာထဲ စိတ်နှစ်သွားလို့ လာတာ မသိလိုက်ဖူးဘဲ ... ''

YOU ARE READING
ETHEREALLY
RomanceBeautiful and hurtful love story between two grown men in your dreamy vintage era...