ETHEREALLY
(2)
ကိုကိုကြီးရဲ့ မင်္ဂလာပွဲဟာ မေပယ်ရွက်ကြွေတွေကြားမှာ အဖြူရောင် သတို့သမီးလှလှလေးနဲ့ သိပ်ကို လှပနေခဲ့တယ်။ ယွန်းလေး အီအိမ်တော်ဆီက ထွက်ခွာလာခဲ့ပြီး ပထမဆုံး ကြားရတဲ့ သီတင်းက ကိုကိုကြီးတို့ရဲ့ ခမ်းနားလှတဲ့ မင်္ဂလာပွဲကြီး အကြောင်းပဲ ဖြစ်တယ်။ ကိုကိုကြီးကို မုန်းလိုက်တာ ဆိုပြီး နှုတ်ခမ်းကို ကြိတ်လို့ တွေးမိတာဟာ ယွန်းလေးအတွက် ဒါ ပထမဆုံး အကြိမ် ဖြစ်မယ်ထင်ရဲ့။
ကိုကိုကြီးကတော့ မင်္ဂလာပွဲမှာ သူ့ကို အပြုံးမပျက်ပဲ လာပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ကို ပေါ့ပေါ့ပါးပါးပဲ ပြောနိုင်တယ်။ ပြီးတော့ လူကြီးတွေရှေ့မှာ သူဟာ မခေါ်နိုင် မပြောနိုင် ဖြစ်နေတာကို
''ယွန်းလေးက သူ့ကိုကိုကြီးကို ခုကတည်းက အားကျနေပြီ နေမှာ ၊ အဲ့ဒါကြောင့် မနာလိုပြီး စကားတောင် မပြောနိုင်တော့ဘူး ထင်တယ် ၊ဟားဟား၊ ယွန်းလေးလည်း တစ်နေ့ လက်ထပ်ရမှာပေါ့ ဟုတ်ပြီလား ဟားဟား '' ဆိုပြီး ရယ်သွမ်းသွေးတောင် နေခဲ့သေး။ဟုတ်တယ်။ တစ်နေ့ ကိုကိုကြီးကို ယွန်းလေးက လက်ထပ်မှာ ဆိုပြီး ငယ်စဉ်အခါက ဘာမှမသိ၊ နားမလည်ပဲ ပျော်ရွှင်မြူးတူးစွာ ဟစ်ကြွေးခဲ့မိသေးတယ်။ အခုတော့ နိုးလာရင် ပျောက်ကွယ်သွားမယ့် အိပ်မက်ကလေးဆိုတာကို အိပ်ပျော်နေရာက နိုးလာတဲ့ ဂျယ်ယွန်း သဘောပေါက်ခဲ့တယ်။
သူဟာ ကိုကိုကြီးကို အရွဲ့တိုက်ချင်တဲ့စိတ်ကလေးနဲ့ ခပ်ပြုံးပြုံးပြောလိုက်သေးတယ်။
''အဲ့ဒါကြောင့် ကိုကိုကြီးက ယွန်းလေးအတွက် မမ Alice လို သတို့သမီးမျိုး ရှာပေးပါအုံး..''ကိုကိုကြီးဟာ ဂျယ်ယွန်း ကို ခပ်စူးစူးမျက်လုံးတွေနဲ့ ကြည့်လာပြီး ပြုံးနေတဲ့ နှုတ်ခမ်းတို့ တည်သွားပေမဲ့ သိပ်မကြာပါဘူး ။ ဟန်ဆောင်ကောင်းတဲ့ ပြစ်မျိုးမဲ့မထင် ၊ ပြည့်စုံခန့်ညားတဲ့ သတို့သားဟာ သူ့မျက်နှာမှာ အကျည်းတန်မှုတွေ ကြာကြာမရှိစေဘူး။ ပြုံးပြုံးလေး ပြန်ဖြစ်ပြီး သူ နားမလည်တဲ့ အဓိပ္ပါယ်တွေနဲ့ မျက်ဝန်းတို့နဲ့သာ သူ့ကို အတွေးဝင်္ကပါထဲ လည်စေတယ်။

ESTÁS LEYENDO
ETHEREALLY
RomanceBeautiful and hurtful love story between two grown men in your dreamy vintage era...