(4)

303 57 5
                                    

ETHEREALLY

(4)

ခါးသီးသည်ကို ချိုမြိန်မှုကို ခံစားဖူးမှ သိသလို၊ ချိုမြိန်မှုကိုလည်း ခါးသီးခဲ့သည့် အတွေ့အကြုံက သိစေသည်။ သူတို့နှစ်ဦးရဲ့အချစ်က အခုချိန်မှာ လူတွေမသိကြလည်း သူတို့နှစ်ဦးသာသိသည့် လျှို့ဝှက်သည့်အချစ်အနေနဲ့ တိတ်ဆိတ်စွာ ချိုမြိန်တယ်။

ယွန်းငယ်ဟာ အရင်ကလို မြို့စားမင်းအိမ်တော်ကို ဆေးရုံက ပြန်တိုင်း၀င်တယ်။ အဲ့သည့်အိမ်မှာ ရေချိုး၊ ထမင်းစားတတ်ပြီး သမီးငယ်လေး ကျန်းမာရေးကို စစ်ပေးပြီး သမီးလေးနဲ့ ဆော့ပေးလေ့ရှိတယ်။ သမီးလေးက သူ့ကို သူ့ဖေဖေ ခေါ်သလို 'ယွန်းငယ်' လို့သာ ခေါ်တယ်။ သူ့ဖေဖေက ဆူလိုက်သည့်အခါမှသာ 'ဦးဦးယွန်းငယ်' လို့သာ ပြင်ခေါ်တာ။ ကျန်တဲ့အချိန် လစ်ရင်လစ်သလို 'ယွန်းငယ်'သာ ပြန်ခေါ်တတ်တဲ့ ဂျစ်တူးလေး ။ သမီးလေးတောင် သူနဲ့ တူတူနေခဲ့တာ ၂ နှစ် ရှိခဲ့ပြီ ။ သမီးကလေး Ann က ၅ နှစ် ရှိပြီ ။

ကိုကိုနဲ့ တစ်ပုံစံတည်းတူတဲ့ သမီးလေးက ကိုကို့ကိုယ်ပွားလေးလို့ အမှန်တကယ်ပင် ပြောလို့ရသည်။ ကိုကို့ မိန်းကလေးဗားရှင်းလို့တောင် သတ်မှတ်လို့ရသည်။ သမင်မျက်၀န်းလေးလို မျက်လုံးဝိုင်းဝိုင်းလေးထဲမှာ ကြယ်လေးတွေ လဲ့နေသလို မျက်ဆံနက်နက်လေးက အရောင်တောက်နေတယ်။ နှုတ်ခမ်းလေးကအစ ကိုကို့လို ခပ်ဆူဆူလေး ။ နှာတံလေးကလည်း ရေတံခွန်လျောလေးလို သွယ်ဆင်းလို့။ မျက်နှာကလည်း သေးသေးလေး။ နားကလေးကလည်း ပညာရှိနားကားလေး။ မဟူရာရောင် ဆံနွယ် အိဆင်းဆင်းလေးတွေကတော့ သူ့မေမေကို တူသည်ထင်သည်။ သမီးလေး Ann ကို 'ယွန်းငယ်' သူ့မှာလည်း သူကိုယ်တိုင်မွေးထားရသကဲ့သို့ အသွေးအသားထဲက ချစ်မြတ်နိုးသည်။

"ဦးဦးယွန်းငယ် ... ဦးဦး အမြဲတမ်း ဒီမှာ နေလို့ မရဘူးလားဟင် "

ယွန်းငယ်က သမီးလေးရဲ့ ပါးလေးတွေကို တချက်ဖွဖွလေး ဆွဲလိုက်ပြီး -
"ခုလည်း နေနေတယ်လေ သမီးလေးရဲ့ ... ဘာဖြစ်လို့လဲ ...hmm...ပြောပါအုံး "

"ဒယ်ဒီက ယွန်းငယ်ရှိတဲ့ အချိန်ပဲ ပြုံးတာ ၊ ယွန်းငယ် မရှိတဲ့အချိန်ဆို ဝမ်းနည်းနေသလိုမျိုး ၊ စိတ်တိုနေသလိုမျိုးပဲ ၊ ဒေါသလည်း ကြီးတယ် "

ETHEREALLY Where stories live. Discover now