ETHEREALLY
(3)
သူတို့နှစ်ဦး၏ နောက်ဆုံးအနမ်းက ခြောက်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့အကြောင်း ဂျယ်ယွန်းရဲ့ အိမ်ပြန်လမ်းက ဖော်ပြတယ်။ ဂျယ်ယွန်းဟာ နာကျင်စရာ သူတို့ရဲ့ အချစ်ဇာတ်လမ်းကနေ တတ်နိုင်သလောက် ထွက်ပြေးခဲ့တယ်။ ဆေးပညာကို ထပ်သင်ယူဖို့အတွက် ဆိုပြီး ဝေးနိုင်သမျှ အဝေးဆုံး အောက်စဖို့ဒ်ကို ထွက်ခဲ့တာ။
သူထွက်လာခါနီး အသိမိတ်ဆွေတွေကို နှုတ်ဆက်တဲ့အခါ မြင်ခဲ့ရတဲ့ ကိုကိုကြီးရဲ့ မျက်နှာကို သူ မနေ့တစ်နေ့ကလိုမျိုး မမေ့နိုင်ခဲ့ဘူး။ ကိုကိုကြီးရဲ့ မျက်နှာဟာ ကြေကွဲပူဆွေးနေတယ်။ လောလောလတ်လတ် အိမ်ထောင်ကျထားတဲ့ သတို့သားအသစ်လေး မဟုတ်သလိုပဲ။ ကိုကိုကြီးဟာ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို ကောင်းကောင်းသွားဖို့၊ ပတ်၀န်းကျင်ကို သတိထားဖို့၊ ထမင်းမှန်မှန်စားဖို့ ပြောနေပေမဲ့ အသံတစ်ချက်တစ်ချက် တုန်သွားတာကို သူ သတိထားမိခဲ့တယ်။ နှစ်ယောက်တည်း ရှိတဲ့အခါ ကိုကိုကြီးက သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ်။ ပြီးတော့ ယွန်းငယ် မျက်နှာလေးကို ကိုကိုကြီးက သူ့လက်အကြီးကြီးတွေနဲ့ အုပ်ကိုင်ထားပြီး လက်မလေးဖြင့် ယွန်းငယ် ပါးနုနုကို ပွတ်သပ်နေရင်း -
"ယွန်းလေး ကိုကို့ကို တခုတော့ ကတိပေးစမ်းပါ၊ ဟိုရောက်ရင် ကိုကို့ ကို ဆက်သွယ်ပါနော် ...နော် ယွန်းလေး "ကိုကိုကြီးရဲ့ လက်တွေကို ယွန်းငယ်ဟာ ခပ်ပြင်းပြင်းပုတ်ချလိုက်တယ်။
"ကိုကိုကြီး ယွန်းတို့ဟာ ဒီလိုတွေ ဆက်မလုပ်တော့ဘူးလို့ အဲ့ဒီ့နေ့ညက နှစ်ယောက်လုံး ဆုံးဖြတ်ခဲ့ပြီးသား မလား ၊ ဒီလိုသာ ယွန်းတို့ ဆက်လုပ် နေရင် ကိုကိုကြီးရော ၊ မမ အဲလစ်စ်ရော ၊ ယွန်းရော ဘယ်သူ့မှာမှ ကောင်းကျိုးမရှိဘူး ၊ မလွတ်လပ်တော့တဲ့ ယောကျာ်းတစ်ယောက်ကို ချစ်နိုင်ဖို့ ယွန်းမှာ အဲ့လောက် သတ္တိမရှိဘူး"
ဟိုရောက်ရင် ကိုကိုကြီးကို ဆက်သွယ်ဖို့လည်း ယွန်းငယ်မှာ စိတ်ကူးမရှိဘူး။ သူတို့ရေစက်ကို ရပ်ပစ်လိုက်ဖို့သာ တွေးမိတယ်။
"ကိုကို မင်းကို စိတ်ပူလို့ပါ ယွန်းငယ်၊ ယွန်းလေး ဟိုကို ဘေးကင်းကင်းနဲ့ အဆင်ပြေပြေရောက်တာပဲ ကိုကို သိချင်တာပါ၊ အဲ့လောက်ဆို ရပါပြီ ၊ ကိုကို အဲ့ဒီ့နောက်ပိုင်း အဆက်အသွယ် မလုပ်ပါဘူး ၊ နော် ယွန်းငယ် "

DU LIEST GERADE
ETHEREALLY
RomantikBeautiful and hurtful love story between two grown men in your dreamy vintage era...