ETHEREALLY
(5)ထိုစဉ် တံခါးခေါက်သံဖွဖွကို သူတို့ကြားရတဲ့အခါ နှစ်ယောက်သား ခပ်ဝေးဝေးကို ခွာလိုက်ကြရတယ်။
"သခင်ကြီး ... ကျွန်မပါ "
"ဝင်ခဲ့ပါ အထိန်းတော်ကြီး "
"အခု သခင်ကြီးရဲ့ အကိုအိမ်တော်က မြင်းလှည်းလွှတ်လိုက်ပါတယ် ၊ သခင်ကြီးရဲ့ အမေ သခင်မကြီးက သူ့မြေးမလေးကို လွှတ်ပေးလိုက်ပါအုံးတဲ့ ၊ သူ့မြေးမလေးကို သူ သတိရလို့ ဒီနေ့ညတော့ သူတို့အိမ်တော်မှာ သိပ်ပါရစေတဲ့ ၊ ပြီးတော့ သခင်ကြီး က မလိုက်ချင်မလိုက်ခဲ့ပါနဲ့တဲ့ ၊ ညနေစောင်းနေတာမို့ နားပါအုံးတဲ့ ၊ နောက်ရက်မှ အားတဲ့အခါ လာလည်ပါအုံးတဲ့ သခင်ကြီး "
"ဪ ဒါပေါ့ မေမေလည်း သူ့မြေးမလေး လွမ်းရှာမှာပေါ့ ၊ မြေးမလေးဆိုလို့ Ann ကလေး တစ်ယောက်ပဲ ရှိတာဆိုတော့ ၊ ရပါတယ် သမီးလေးကို ကျွန်တော် သွားပြောလိုက်ပါအုံးမယ် "
"ဟုတ်ကဲ့ပါ သခင်ကြီး ကျွန်မ သခင်မလေးအတွက် အသုံးအဆောင်လေးတွေ ပြင်ပေးထားပါ့မယ် "
"ယွန်းငယ် ကိုကို Ann ကလေးဆီ သွားချော့ပြောရအုံးမယ်၊ သမီးလေးက ကိုကို မပါရင် သွားချင်မှာ မဟုတ်ဘူး"
" အင်း ယွန်းပါ ကူပြောပေးပါ့မယ် လာ တူတူသွားတာပေါ့"
သမီးကလေးအခန်းထဲ ဝင်သွားတဲ့အခါ သမီးလေးက ဆူပုတ်ပုတ်ကလေးနဲ့ ကုတင်ပေါ်ထိုင်နေတယ်။ သူလည်း သိပြီးပြီ ထင်ပါရဲ့။ အဖေတစ်ခု သမီးတစ်ခုမို့ ငယ်စဉ်ကတည်းက တခါဖူးသော်မျှ မခွဲဘူးသည့် အတွက် အခုလို သူ့ဖေဖေနဲ့ ခွဲပြီး သူမလေး တစ်ယောက်တည်း အခြားအိမ်မှာ မနေဖူးချေ။
"Ann လေးရေ "
"ဒယ်ဒီ... သမီး ဒယ်ဒီ မပါဘဲ မသွားချင်ဘူး ... သမီး ဒယ်ဒီရယ် ၊ ယွန်းငယ်ရယ်နဲ့ပဲ နေချင်တာ !"
ဟီဆွန်းက သမီးလေး ဘေးနား တင်လွှဲထိုင်လိုက်ပြီး သမီးလေးကို သူ့ပေါင်ပေါ်တင်လို့ -
"သမီးက ဘွားဘွားကြီးတို့ ၊ ဦီးဦးကြီးတို့ကို မချစ်ဘူးလားပြော.. ""သမီး ဘွားဘွားကြီးရော ဦးဦးကြီးနဲ့ ဒေါ်ဒေါ်တို့ကိုရော ချစ်ပါတယ် ၊ ဒါပေမဲ့ သမီးက ဒယ်ဒီ နဲ့ မခွဲမှ မခွဲချင်တာ ... "

KAMU SEDANG MEMBACA
ETHEREALLY
RomansaBeautiful and hurtful love story between two grown men in your dreamy vintage era...