သန်းကြွယ်ခြေလှမ်း (လင်းဖန်)
အခန်း(၁၈) လက်ထဲက အိမ်ငှားခ ယွမ် ၈၄၀,၀၀၀ ကြောင့် အားလုံးလန့်ကုန်ပြီ
ခေတ်သစ်လီရှန်း ဟိုတယ်တွင်။
ရှန်ဟိုင်းမြို့က ထိပ်တန်း ကြယ်ငါးပွင့် ဟိုတယ်ကြီးများထဲက တစ်ခု အဖြစ် အပြင်အဆင်များက တန်ဖိုးကြီးမားသည်။ ဒီက ဟင်းလျာများကလည်း အလွန်စျေးကြီး၏။ အမှန်ပင်။ အရသာကလည်း ထူးကဲလှပါသည်။
လီရှန်းဟိုတယ်က ဝန်ဆောင်မှုများကိုတော့ ပြောဖို့ပင် မလိုတော့ပါ။
လင်းဖန်က ဟိုတယ်သို့ သုံးဘီး စီးလာခဲ့သည်။
တံခါးပေါက်နားက စားပွဲထိုးနှစ်ယောက် လင်းဖန်ကို ပြုံးပြလိုက်သည်။ သူတို့က အနည်းငယ် ဦးညွှတ်ကာ နူးညံ့စွာဖြင့် ပြောလိုက်၏။ "ကြိုဆိုပါတယ်။"
လင်းဖန် အံ့အားသင့်သွားရသည်က ဒီက ဝန်ဆောင်မှုများက အံ့သြဖို့ကောင်းလောက်အောင် ကောင်းမွန်လှသည်။ သူက သုံးဘီး စီးလာသောကြောင့်လည်း အထင်မသေးကြပါ။
ဟိုတယ်ထဲသို့ သူဝင်လိုက်တာနဲ့ ကောဇောနီကြီးဖြင့် ကြိုဆိုမှုကို ခံလိုက်ရသည်။
ဘေးပတ်လည်က စားပွဲထိုးများက လင်းဖန်ကို ဦးညွှတ်ကာ တစ်ညီတစ်ညာတည်း နှုတ်ဆက်လိုက်ကြ၏။
လင်းဖန်က ကောင်းလိရှောင်း သူ့ကို လာခိုင်းထားည့် အခန်းထံသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ဒီစားပွဲထိုးများ ဘာကြောင့် သူ့ကို သဘောကောင်းပြနေလဲ ဆိုတာကတော့ ဌာနချုပ်ထံမှ အခုလေးတင် မက်ဆေ့တစ်စောင် ရထားသောကြောင့်ဖြစ်သည်။
လင်းဖန်နှင့် သုံးဘီးစီးနေသော သူ့ဓာတ်ပုံတစ်ပုံ ပါလာသည်။ လင်းဖန်က ကုမ္ပဏီ၏ ဒုတိယအများဆုံး ရှယ်ယာဝင်ဆိုတာလည်း ပါလာ၏။
ယန်ရွှယ်က လင်းဖန် ဇာတ်နိမ့်နေတတ်မှန်း သိသည်။ ထို့ကြောင့် ကုမ္ပဏီထဲက အားလုံးကို လင်းဖန်၏ သရုပ်မှန်အား အရမ်းကြီး မဖော်ထုတ်ဖို့နဲ့ မစ္စတာလင်းဟု မခေါ်ရန် သေချာ ညွှန်ကြားထားခဲ့သည်။ လင်းဖန် မကြိုက်တတ်သောကြောင့် ဖြစ်ပါသည်။
YOU ARE READING
သန်းကြွယ်ခြေလှမ်း (လင်းဖန်)
Actionစာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝသော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြုတ်ပညာရပ်ကို ကျွမ်းကျင်သည်၊ ဆေးဖက်ဆိုင်ရာ ပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ၊ သီချင်းနတ်ဘုရား၊ နာမ...