လင်းဖန် 97+98+99
အခန်း(၉၇) သံသယကို အမှန်တရားနဲ့ တိုက်ဖျက်ခြင်း
လင်းဖန်စကားကိုကြားပြီးနောက် ရှုယန်၊ လုပမ်ခိုင်းနှင့် လျို့မူတို့အားလုံး သူ့ကို လက်မထောင်ပြလိုက်ကြပါသည်။
လင်းဖန်ပြောတာမှန်ပါသည်။ အင်တာနက်က သူ့ကိုဘယ်လောက်ပဲဝေဖန်နေပါစေ အသုံးမဝင်ပါ။
ထိုအမုန်သမားများက ကောလဟာလလွှင့်နေသည့် ငွေပေးထားသော ကီးဘုတ်ဖိုက်တာများသာ ဖြစ်ပါသည်။
အမုန်းသမားများနဲ့ ကီးဘုတ်ဖိုက်တာများကို အသုံးပြုခြင်းက ဘဝရဲ့ပျော်ရွှင်မှုကို ပို၍ပင် ရေပန်းစားလာစေပါလိမ့်မည်။
ကီးဘုတ်ဖိုက်တာများက ကောလဟာလ ဘယ်လောက်ပဲ လွှင့်ပါစေ ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ တိကျသည့် သက်သေမရှိဘဲ စစ်မှန်သည့် ရေပန်းစားမှုတစ်ခုကို ဖန်တီးနိုင်မှာမဟုတ်ပေ။
ထို့ကြောငု့် ယွဲ့ဟွာက အမုန်းသမားများကိုလုံးဝတိုက်ဖျက်ပြီး ယွဲ့ဟွာပြောင်းပြန်အာနိသင်ရသွားစေဖို့ တစ်ကွက်သာလိုပါသည်။
ထိုအကွက်မှာ အမှန်တရားကိုအသုံးချပြီး ပြန်တိုက်ခိုက်ဖို့ဖြစ်ပါသည်။
အချက်အလက်ဖြင့် ဘဝရဲ့ပျော်ရွှင်မှုရုပ်သံစီးရီးအပေါ် လူတွေ၏ သံသယများကို ဖျက်ဆီိးပစ်မည်။
စီအီးအိုလီလည်း ထွက်လာပြီး အားလုံးကို ကြည့်လိုက်ပါသည်။ ထို့နောက်ပြုံးကာ ပြောလိုက်၏။ "လင်းဖန်က တကယ်ပဲ တခြားသူတွေနဲ့ ခြားနားပါပေတယ်။ ချက်ကောင်းကို စဥ်းစားနိုင်တာပဲ။"
"အားလုံးပဲ ငါတို့ရိုက်ထားတဲ့ ဒီရုပ်သံစီးရီးကို ယုံကြည်ထားမှဖြစ်မယ်။ အရမ်းကြည့်ကောင်းတဲ့ ခေါင်းဆောင်မင်းသားတွေနဲ့ သရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ မင်းသမီးတွေပါတယ်။ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့လို အလှအပလေးတွေလည်းပါတယ်။ ရှုယန်နဲ့ ဝါရင့်သရုပ်ဆောင်တွေလိုမျိုး သရုပ်ဆောင်တွေလည်းပါတယ်။ ရုပ်သံစီးရီးရဲ့ အသေးစိတ်အချက်တိုင်းက ဘယ်ပြိုက်ဘက်အောက်မှ မနိမ့်ကျဘူး။ ဇာတ်ညွှန်းရွေးချယ်မှုအပါအဝင်ပေါ့။ ငါ့ရွေးချယ်မှုကို ငါယုံကြည်တယ်။”
KAMU SEDANG MEMBACA
သန်းကြွယ်ခြေလှမ်း (လင်းဖန်)
Aksiစာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝသော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြုတ်ပညာရပ်ကို ကျွမ်းကျင်သည်၊ ဆေးဖက်ဆိုင်ရာ ပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ၊ သီချင်းနတ်ဘုရား၊ နာမ...