Chapter 16

2.8K 287 0
                                    

Unicode

ရှောင်ကျူးက မကောင်းတဲ့ ရည်ရွယ်ချက်အနည်းငယ်ပါတဲ့ လေသံနဲ့ နှစ်ခါမြောက် တီးတိုးပြောလိုက်တယ်။"ကျွန်မကိုပြောကြည့် ၀မ့်ရှားသေလောက်အောင် ဒေါသထွက်နေမှာလား"

ရှောင်ကျူးနဲ့ တခြားသူတွေက ၀မ့်ရှားရဲ့စိတ်ထဲက ဖြစ်ချင်တာတွေကို ရှင်းရှင်းလင်းလင်း သိနေခဲ့ကြတယ်။ ကုမျန်က သူမရဲ့ ဇာတ်ကောင်ကို လုယူသွားတယ်မဟုတ်လား ၊ ဒါကြောင့် သူမက မလိုမုန်းတီးမှုတွေ ဆုပ်ကိုင်ထားပြီး "Ask the Immortal" ရဲ့ တရားဝင်ဘလော့ဂ်က ထွက်ရှိလာတဲ့ ဒီမိတ်ကပ်ဓါတ်ပုံရဲ့အရှိန်အဟုန်နဲ့ အခြေအနေပေါ် နင်းချေချင်ခဲ့တာဖြစ်တယ်။

သူမရဲ့အဖွဲ့က အခွင့်အရေးကို ဆုပ်ကိုင်ရာမှာ အရမ်းကောင်းမွန်သလို ခေါင်းစဉ်ကလည်းပဲ အရမ်းကောင်းတယ်။

၀မ့်ရှားနဲ့သူမရဲ့အဖွဲ့ကို အမှတ်ပေးရမယ်ဆိုရင် ရှောင်ကျုးက ဆန့်ကျင်ဘက်မှာ ရပ်တည်နေပေမယ့်လည်း၊ သူမက ပြိုင်ဘက်ကို အမှတ်မြင့်မြင့်မားမားပေးရလိမ့်မယ်။

အဲ့ဒီမိန်းမရဲ့တုံ့ပြန်မှုက အရမ်းလှပြီး ဖြတ်သွားဖြတ်လာတွေရဲ့ နှစ်သက်မှုကို အနိုင်ရနိုင်တယ်။

ရှောင်ကျူးနဲ့လီနန်အပါအဝင် လူများစွာက ကုမျန် ဒီတစ်ကြိမ်မှာ ဒေါသထွက်နေနိုင်လောက်တယ်လို့  ထင်မြင်ခဲ့ကြတယ်။

ပြိုင်ဘက်က အရမ်းသန်မာပြီး သူတို့ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်လေ။

ဒါပေမယ့်လည်း အင်တာနက်အသုံးပြုသူတွေက သာမန်အသိနဲ့ ကတ်မကစားခဲ့ကြဘဲ သူတို့ရဲ့တုံ့ပြန်မှုတွေက လူတိုင်းရဲ့မျှော်မှန်းမှုထက် ကျော်လွန်သွားခဲ့တယ်။

၀မ့်ရှားမှာ တခြားနည်းလမ်းမရှိတော့ရင်တောင် ဒီနည်းနဲ့အဆုံးသတ်မယ်လို့ သူမဘယ်တော့မှ မျှော်လင့်ခဲ့မှာမဟုတ်ဘူး။

လော့ချယ်ရဲ့ပရိသတ်တွေက ဒေါသမထွက်ရုံသာမက ကုမျန်ဘက်မှာတောင် ပျော်ပျော်ရွှင်ရွှင်ရပ်တည်ခဲ့ကြတယ်။

လော့ချယ်ရဲ့များပြားလွန်းလှတဲ့ပရိသတ်တွေကြောင့် အောက်ကcomment‌ တွေရဲ့ပုံစံက လုံးဝဘက်လိုက်နေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now