Part 1

856 10 0
                                    

Unicode

"​နွေး​ရေ ဒီ​နေ့ကိုယ့်မိတ်​ဆွေရဲ့သားကို Dinner ဖိတ်ထားတယ် အဲ့တာ ညကျရင်ပြင်ဆင်ထားပါအုံး​နော် သားနဲ့လဲမိတ်ဆက်​ပေးရ​အောင်မို့ အပြင်မသွားခိုင်းနဲ့အုံး"

ဦး​နေယံခတစ်​​ယောက်သူ့ဇနီး​ဒေါ်​​​နေခြည်​နွေးပြင်​ပေးထားတဲ့ မနက်စာကိုစားရင်း စကားစလိုက်တယ်

"ဟုတ်ပါပြီ အကိုရဲ့ ဒါနဲ့ အကို့မိတ်​ဆွေရဲ့သားက ဘယ်သူတုန်း ​နွေးအသိထဲကဘဲလား"

"မဟုတ်ဘူး​နွေး ADIPATI Company က CEO ​လေ ခန့်ရှိန်ဓိပတိတဲ့ သူကငယ်ရွယ်​ပေမယ့် စီးပွား​ရေးမှာ ဘုရင်တစ်ဆူလို့​ပြောလို့ရတယ်​နွေးရဲ့
မင်းရဲ့သားကို သူ့စီ အ​တွေ့အကြုံ​လေးရ​အောင် အလုပ်သင်လုပ်ကြည့်ခိုင်းဖို့ အကူအညီ​တောင်းကြည့်မလို့​လေ မဟုတ်ရင် ဒင်းကအ​လေလိုက်​ရင်းအချိန်ကုန်နေတာ"

"ဟွန်း သူဘဲတစ်ချိန်လုံးအလိုလိုက်ထားပြီး​တော့ အင်းပါ..သားနိုးလာရင် ​နွေး​ပြောထားလိုက်ပါ့မယ်"

"ဟုတ်ပြီ​နွေး ကိုယ်လဲစားလို့ပြီးပြီ အဲ့တာဆို ကိုယ်သွား​​တော့မယ်​​နော်"

"ဟုတ်အကို ​နွေးကားစီလိုက်ပို့မယ်​လေ"

​နွေး​ယောက်ျား​ဖြစ်သူအား​ကား​ရှေ့ထိလိုက်ပို့လိုက်ကာဂရုစိုက်သွားဖို့မှာတမ်း​​ခြွေလိုက်သည် ​ယောက်ျားဖြစ်သူထွက်သွားမှ အိမ်ထဲသို့ပြန်၀င်လာခဲ့သည်
ပြီး​​နောက် သားကိုနိုးရန် အ​ပေါ်ထပ်ကသားအခန်းစီသို့သွားကာ တံခါး​ခေါက်လိုက်သည်

"နီနီ​ရေ သားမထ​သေးဘူးလား ​ဖေ​ဖေ​တောင် အလုပ်သွားပြီ​လေ"

အခန်းထဲက တုန့်ပြန်သံမကြားတာ​ကြောင့် အခန်းတံခါးဖွင့်၀င်ခဲ့လိုက်​တော့ ​တွေ့ပါပြီကုတင်​ပေါ် မှာ ​စောင်နဲ့လုံး​ထွေးပြီး အိပ်​နေတဲ့ သား​တော်​မောင်​ ​
နွေးလည်းသားအနားသွားကာ ​​စောင်အားဖယ်လိုက်ကာ မျက်နှာ​ပေါ်ကျ​နေတဲ့ ပွ​ယောင်း​ယောင်း ဆံပင်​လေးအားသပ်တင်​ပေးကာနှိုးလိုက်ပြန်သည်

"နီနီ သား ထ​တော့​လေ ​ဖေ​ဖေ​တောင် အလုပ်သွားပြီ"

"အင်း....​​မေ​မေကလဲ အ​စောကြီးဘဲရှိ​သေးတာကို သားမထချင်​သေးဘူး" ဆိုပြီး မေ​မေ့လက်ထဲက​စောင်အားပြန်ယူပြီး ​ခေါင်းမြှီးခြုံကာပြန်အိပ်​နေပြန်သည်

My Sissy Baby [on going]Where stories live. Discover now