Part6

154 6 0
                                    

Unicode

Ring!

ခန့်ရှိန်အလုပ်ဆင်းရန် ပြင်​နေတဲ့ချိန် ထွဋ်​ခေါင်စီက ph လာတာ​ကြောင့် ကိုင်လိုက်တယ်

"ဟလို ထွဋ်​​ခေါင်​ပြော"

"​ဟျောင့် ခန့်ရှိန် ငါတို့မ​တွေ့တာလဲကြာပြီ​​လေကွာ ညကျရင် ငါ့bar ကိုလာခဲ့"

သူလဲ စိတ်​တွေရှုပ်​နေတာ​​ကြောင့် စိတ်​ပြေလက်​ပျောက်သွား​​သောက်ဖို့သ​ဘောတူလိုက်သည်

​"​အေး ညကျငါလာခဲ့မယ် အချိန်​ပြော"

"၈နာရီ​လောက်လာခဲ့​လေ"

"အို​ခေ လာခဲ့မယ် ဒါဘဲမလား ငါ ph ချလိုက်​တော့မယ်"

"​​အေး"
ခန့်ရှိန် ph ချပြီး အိမ်ပြန်ဖို့ပြင်လိုက်သည်

....................

တစ်ဖက်မှာလဲ ကို​​ဇေတစ်​ယောက်နား​တွေပါပူထူ​နေ​​တော့သည် အခြားအ​ကြောင်း​တော့ မဟုတ် သူ့ကိုကားဖြည်းဖြည်း​မောင်းခိုင်းပြီး နီနီတစ်​ယောက် သူ့crush သူ့ကိုဘယ်​လောက်​ချေ​ကြောင်း​ တစ်လမ်းလုံးပြော​ပြောပြီး ​ဝေ​ဝေ့ကိုဖက်ကာ အသံပြဲနဲ့ငိုနေတာ​ကြောင့်​​ ကို​​ဇေလဲ နီနီ့ crushဆိုသူအား ​​မေတ္တာသာလှမ်းပို့​နေ​တော့သည် သူ့​ကြောင့်ကိုယ့်နားကနားစည်ကွဲမတက် နားမဒိန်းကျင့်ခံ​နေရသည်မဟုတ်လား

"​ဝေ​ဝေသိလား နီနီက​လေ သူ့ကို​စေတနာနဲ့ စား​စေချင်လို့ ​ပြောတဲ့ဟာကို သူက​ပြောရမလားဆိုပြီး ​အော်လွှတ်တာ နီနီအရမ်း၀မ်းနည်းတာဘဲ ဟင့်....ဒီ​နေ့အမူး​သောက်ပစ်မယ် အီး..ဟီး...ကို​​ဇေ ကားကိုဖြည်းဖြည်း​မောင်းပါဆို​နေမှ ဘာလို့မြန်မြန်​မောင်း​နေတာလဲ ​အိမ်​ရောက်​တော့မယ် ​​ဝေ​ဝေ​ပြောအုံး"

"ဟုတ်သားဘဲ ကိုကိုကလဲ အလှ​လေးစိတ်​ကျေနပ်​အောင် ​ဖြည်းဖြည်း​မောင်း​ပေးလိုက်​လေ"

'ဒီ့ထက်​နှေးရင်လဲ ကားက​ရွေ့​တော့မှာ​တောင်မဟုတ်ဘူး ပုရွတ်ဆိတ်လမ်း​လျှောက်သွား​နေတာက​တောင် ကားထက်မြန်​အုံးမယ်'အပြင်မှာ​တော့ ထုတ်မ​ပြောလိုက်​တော့ပါ ​တော်ကြာသူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီး ထငိုမှ နားစည်ပါကွဲ​နေမှဒုက္ခ

My Sissy Baby [on going]Where stories live. Discover now