Part11

142 6 8
                                    

Unicode

မနက်လင်း​တော့ ခန့်ရှိန် အရင်နိုးလာခဲ့သည်
မနက်ပုံမှန်ထ​နေကျ ဖြစ်တာ​ကြောင့် နှိုးဆက်မလိုဘဲ အလိုလိုနိုး​နေခြင်းပင်

ခန့်ရှိန် နိုးလာ​တော့ သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေတဲ့ အ​နွေးလုံး​လေး​ကိုမြတ်နိုးစွာကြည့်ပြီး ပြုံးလိုက်မိတယ်

သူ​ဘေဘီ့ကို မသိမ်းပိုက်ရ​သေးပါ ညကလဲ တစ်​ယောက်ကိုတစ်​ယောက် ​ဖြေ​လျော့တာသာလုပ်​ပေးခဲ့ကြသည်
​ညကပင်ပန်းထား၍ မနှိုး​ချင်တာ​ကြောင့် ​ဘေဘီ့ကို ရင်ခွင်ထဲက အသာထုတ်ပြီး ထလိုက်သည်
​​ဘေဘီ့နားမှာ ​နေချင်​ပေမယ့် သူcompanyသွားရအုံးမည်​လေ

မ​နေ့က သူရ တစ်​ယောက်တည်းလွှတ်ထား​လိုက်ရကြောင့် ဒီ​နေ့မသွားလို့​တော့ အဆင်မ​ပြေပါ

​​ဘေဘီ့ကို​ သူ​ရေချိုးပြီးမှနှိုး​တော့မည်ဟု​တွေးကာ ရေချိုးခန်းထဲသို့၀င်၍ ​​ရေချိုးပြင်ဆင်ကာ ​ဘေဘီ့အတွက် သွားတိုက်တံ​ပြင်ဆင်​ပေးခဲ့ပြီး ​ရေပါစပ်​ပေးခဲ့လိုက်ပြီး အပြင်ကိုထွက်လာ​​တော့ ​ဘေဘီက မျက်လုံးမဖွင့်ဘဲ ကုတင်​ပေါ် ငုတ်တုတ်​လေးထိုင်​နေသည်

"​ဘေဘီ နိုး​နေပြီလား က​လေး​လေးက"

​ဘေဘီ့​ဘေးနား၀င်ထိုင်ကာ ပွယောင်း​ယောင်း ဆံပင်ရှည်​လေးအား ပွတ်သပ်​​ပြီး ​​မေးလိုက်​တော့
​ဘေဘီက ​မျက်လုံးမဖွင့်ဘဲပြန်​ဖြေလာသည်

"​ဘေဘီနိုး​တော့ ဒယ်ဒီ့ကိုမှမ​တွေ့တာ ဒယ်ဒီက ဘယ်သွား​နေတာလဲ"

"ဒယ်ဒီက company သွားမလို့ ​ရေချိုး​နေတာ​လေ ​ဘေဘီရဲ့"

"​​​​​ဘေဘီ့ကိုကျမနှိုးဘူး"
မျက်လုံးမဖွင့်​ဘဲ ဆူပုပ်ပုပ်နဲ့ ရန်လုပ်​နေ​ပြန်တယ်

"​ဘေဘီ ညက ပင်ပန်းထားတယ်​လေ အဲ့တာ​ကြောင့် ကိုယ်​ရေချိုးပြီးမှ ဘေဘီ့ကိုနှိုးမလို့​"

သူ့အ​ပြော​ကြောင့် မျက်နှာ​လေးခရမ်းချဥ်သီးလိုနီရဲလာပြီး ​စောင်​တွေဖယ်ပြီး ကုတင်​ပေါ်မှထလိုက်ကာ

"​စော​စောစီးစီး ဘာ​တွေ​ပြော​နေမှန်းလဲမသိဘူး ဖယ်ရေချိုး​တော့မယ်"
ဟုဆိုပြီး သူ့ကိုတွန်းဖယ်ကာ ​ရေချိုးခန်းထဲ၀င်သွားတဲ့​ကောင်​လေးရဲ့​နောက်ပိုင်းအလှကိုကြည့်ပြီး ​
ခန့်ရှိန်နှာ​ခေါင်း​သွေးပင်လျှံချင်လာသည်

My Sissy Baby [on going]Where stories live. Discover now