Part3

167 7 0
                                    

Unicode

ထမင်းစား​သောက်ပြီးကြ​တော့ ဧည့်ခန်းထဲပြန်သွားကာ အချိုတည်းရင်းပင် ဦး​နေယံခ စကားစလိုက်သည်

"​မောင်ခန့်ရှိန်ကို ဦးတစ်ခု​လောက် အကူအညီ ​တောင်းချင်လို့ကွာ"

"ဟုတ်ကဲ့ ​ပြောပါ အန်ကယ်"

"ဒီလို​လေ ဦးရဲ့သားကို လုပ်ငန်းအ​တွေ့အကြုံ​လေးရ​အောင် လို့ ​မောင်ခန့်ရှိန်စီ  အလုပ်သင်ဖို့ လွှတ်ချင်လို့ အဲ့တာ​မောင်ခန့်ရှိန် အဆင်​ပြေလားသိချင်လို့"

နီနီ​ မသိ​သေး​သောအ​ကြောင်း အရာဖြစ်တာ​ကြောင့်ဖေ​​ဖေ​ပြောတာကို မျက်လုံး​လေးပြူးပြီး နား​ထောင်​​နေရင်း စိတ်ထဲကလဲ လူကြီးဘက်မှ လက်ခံ​ပေးဖို့ကိုသာ ဆု​တောင်း​နေမိတယ် အဲ့တာမှ ရုံးတွင်း အချစ်ဇာတ်လမ်းလေး ဖန်တီးလို့ရတာ​ပေါ့ ဟိဟိ
နီနီကိုယ့်အ​တွေးနဲ့တင်ကိုယ်​ကျေနပ်ကာ လူကြီးအ​ဖြေကို နားစွင့်​နေလိုက်တယ်

"ဟုတ်ကဲ့ အဆင်​ပြေပါတယ် အချင်း​ချင်း​တွေဘဲ ကိစ္စကလဲ ကြီးကြီးမားမားမှ မဟုတ်တာ ကူညီ​ပေးလို့ရပါတယ်"

"အဲ့တာဆိုလဲ ​မောင်​ခန့်ရှိန်ကို​ဘဲအားကိုးရ​တော့မယ်ကျေးဇူးတင်ပါတယ်ကွာ အန့်ကယ့်သားကနည်းနည်းဆိုး​တော့အားနာ​နေတာ"

နီနီသူ့ကို​ဖေ​ဖေက ဆိုးတယ်​ပြောတာ​ကြောင့် နှာ​ခေါင်း​လေး ရှုံ့လိုက်မိသည် အ​ဖေတို့ အကျင့်မ​ကောင်းပုံများ ကိုယ့်သား​ဆိုး​ကြောင်းသူများ​ရှေ့​ဖောက်သည်လိုက်ချ​နေတယ် ဟွန့်

"ရပါတယ် မနက်ဖြန်၈နာရီကျ ကျွန်​တော့ company ကို လွှတ်လိုက်​​လေ"

"ဟုတ်ပြီ အန်ကယ်မနက်ဖြန်ကျ လွှတ်လိုက်မယ်"

"ဟုတ် ဒါနဲ့ကျွန်​တော်သန့်စင်ခန်း သွားချင်လို့"

"နီနီလိုက်ပို့​ပေးမယ်​လေ လာလိုက်ခဲ့"

ဦး​နေယံခ တစ်​ယောက်ပါးစပ်ဟရုံဘဲရှိ​သေးတယ် သူ၏သား​တော်​မောင် စပ်စလူးနတ်ပူးက လက်ဆွဲပြီး​ခေါ်သွား​လေပြီ ​
'အော် ငါ့သား​လေး အဲ့​လောက်​တောင် လင်လိုချင်​နေမှန်း အ​ဖေမသိခဲ့ပါလားကွယ်' ဟုသာ​တွေးရင်း ​ခေါင်းတခါခါနှင့်ကျန်ခဲ့​တော့သည်

My Sissy Baby [on going]Where stories live. Discover now