♥️နှလုံးသားရှင်းတမ်း♥️
Part-2
"မိခူးငါပြောထားမယ်နော်နောက်တစ်ခါငါအဲ့လိုမမြင်ချင်ဘူး"
အိမ်ရောက်ရောက်ခြင်းခူးရဲ့မာမီကအခုထိစိတ်ဆိုးမပြေသေးကာ ခူးကိုထပ်မံဆူလေသည်။မာမီပြောသမျှကိုနှုတ်ခမ်းကြီးဆူကနားထောင်နေပြီးပြန်ပြောရန်သာပြင်နေလေသည်။
"မာမီကလည်း"
"ဟုတ်တယ်သမီးအဲ့လိုအတန်းစားတွေနဲ့ကဝေးဝေးကရှောင်မှသင့်ရာကြမှာ"
"ကြားလားခူးခူးမေ"
ဒယ်ဒီကပါဝင်ပြောလာသည်ကြောင့်မာမီကသူ့အကြိုက်ဖြစ်ကာခူးရဲ့နဖူးကိုလက်ညိုးနဲ့ထိုးလိုက်သည်ကြောင့်နဖူးလေးကိုပွတ်ကာမျက်မှောင်ကုပ်လျက်ဆူဆူအောင့်အောင့်ပြန်ဖြေလိုက်လေသည်။
"ဟုတ် ကြားပါတယ်မာမီရဲ့.....မာမီတို့ပြောလို့ပြီးရင်ခူးနားတော့မယ်"
ပြောပြောဆိုဆိုပဲခူးကထထွက်သွားပြန်တော့မာမီကအနောက်နေပြောဆိုလျက်ကျန်ခဲ့လေသည်။"တွေ့လားတွေ့လားကိုထွန်းနောင်ရှင့်သမီးလုပ်သွားတဲ့ပုံ"
"အေးပါရွှေရယ်စိတ်ကိုချော့ပါ ကိုယ်တို့လည်းနားရအောင်လေ"
"ရှင်နော် စိတ်ကကြည်တာမဟုတ်ဘူး"
"ကြည်လိုက်ပါတော့ရွှေရယ်"
"ရှင်ကြီးနော် ရှင်ကြီး"
_
_
_
_
_
"ကွာ ရှုံးပြန်ပြီ တောက်"ကြေးကြီးကြီးနဲ့သာကစားကြသည့်လောင်းကစားဝိုင်းတစ်ခုတွင်နိုင်သည့်သူတို့ကပျော်မွေ့ကြကာရှုံးသည့်သူများကလည်းမြည်တွန်တောက်တီးလျက်ရှိကြလေသည်။တစ်ခါတစ်ခါရှုံးမဲ မဲတာတို့၊ညစ်ပတ်သည်ကိုမြင်သွားသည်တို့ကြောင့်ထိုးပွဲကြိတ်ပွဲတွေကလည်းဖြစ်တက်ကြသေးသည်။အခုချိန်တွင်တော့ဆောက်လုပ်ရေးကုမ္ပဏီရဲ့သူဌေးဦးမြင့်မောင်ကပါလာသမျှအကုန် ကုန်သွားသည်ကြောင့်ငြီးတွားလိုက်လေသည်။သူရဲ့တစ်ဖက်မှာထိုင်နေပြီး စီးကရက်ကိုပါးစပ်မှာတပ်ထားလျက်ဖဲချပ်တွေကိုပွတ်ဆွဲနေသည့် ရှင်းဆီကနေပိုက်ဆံချေးလိုက်လေသည်။
YOU ARE READING
💜နှလုံးသားရှင်းတမ်း💜
Fanfictionဆိုးမယ်မိုက်မယ်ကြမ်းမယ်ဒါပေမယ့်မင်းကိုတော့ချစ်တယ်....ကိုယ့်နှလုံးသားကိုရှင်းတမ်းထုတ်လိုက်ပြီ ကိုယ်မင်းတစ်ယောက်ထဲကိုပဲချစ်နေမိတယ်ခူးရယ်.... မင်းရန်ရှင်း မိဘတွေကိုလွန်ဆန်ပြီးတော့တောင်ရှင့်ကိုချစ်ခဲ့တာပါကိုကိုရယ်....ခူးကျန်ရစ်တော့မဖြစ်ပါရစေနဲ့...အကို့က...