Part-15 Uni/Zawgyi

12.4K 234 2
                                    

♥️နှလုံးသားရှင်းတမ်း♥️

Part-15

လွန်ခဲ့သော ငါးနှစ်ခန့်က.....

ဒယ်ဒီနှလုံးဖောက်လို့ဆိုတဲ့သတင်းကြောင့်ထွက်လာခဲ့ရပေမယ့် သူမလေးကိုတော့စိတ်မချဖြစ်ရလေသည်။ဒီနေ့မှဘာကိစ္စနဲ့စိတ်ကမကြည်နေပဲလေးလံနေရသည်မသိ။ချစ်လားဆိုပြီးသူမမေးသည့်စကားလေးကိုဖြေဖို့ရန်အတွက်သူ့ဆီမှာ စကားလုံးတွေစီထားပြီးနှင့်နေပြီ။

"ဟူးးး"

လေပူတွေကိုစိတ်သက်သာရန်အတွက်မှုတ်ထုပ်လိုက်ပြီးဒယ်ဒီရှိနေသည့်ဆေးရုံသို့သာမောင်းလာခဲ့ရလေသည်။

"ဒယ်ဒီ ကိုကိုရန်လာပြီ"

ဒယ်ဒီရှိသည့်ဆေးရုံအခန်းတွင်းသို့တံခါးဖွင့်ဝင်လိုက်တော့ဒယ်ဒီကဆေးရုံကုတင်ပေါ်မှာလှဲနေလေသည်။ဒယ်ဒီ့ဘေးမှာညီမလေးရိပ်အပြင်မြေခွေးသားအမိဒေါ်စံထားနဲ့အဲလစ်ပါရှိနေလေသည်ကြောင့်စိတ်ကမကြည်တော့။သူလာတာနဲ့ဒယ်ဒီက ကုတင်ပေါ်ကနေထ ထိုင်လိုက်လေသည်။

"ဖြေးဖြေးဒယ်ဒီ ရိပ်ကူပေးမယ်"

ညီ‌မလေးရိပ်ကကူပေးကာကုတင်အနောက်မှီမှာခေါင်းအုံးတစ်လုံးခုလိုက်ပြီးဒယ်ဒီကိုမှီထားစေလေသည်။

"ကျွီ"

ထို့နောက်တံခါးချပ်ကထပ်မံပွင့်လာပြီးဒယ်ဒီရဲ့ရှေ့နေ ဦးထင်မောင်ကဝင်လာခဲ့သည်။

"သား ခနထိုင်ပါအုံး"

ဒယ်ဒီကထိုသို့ပြောလာသည်ကြောင့်ရိပ်ရဲ့ဘေးကခုံတန်းရှည်မှာဝင်ထိုင်လိုက်လေသည်။ဒယ်ဒီကရှေ့နေကိုမျက်လုံးနဲ့စကားပြောလိုက်တော့ဦးထင်မောင်ကသူကိုင်ဆောင်လာသည့်အိတ်ထဲကနေစာရွက်စာတန်းတစ်ချို့ကိုထုတ်လာခဲ့လေသည်။

"ဒီစာရွက်စာတန်းသုံးဆောင်ကခင်ဗျားတို့အတွက်ဦးမင်းရန်အောင်စီစဉ်ထားတဲ့အမွေစာချုပ်တွေပဲ"

ဒေါ်စံထားတို့သားအမိနှစ်ယောက်ကမျက်လုံးတွေအရောင်လက်လာကာအပြုံးကိုယ်စီနဲ့ရှိနေကြလေသည်။

"ဒါကသားကြီးမင်းရန်ရှင်းအတွက်....ဒါကသမီးငယ်အရိပ်သစ်လေးအတွက်....ဒါကတော့ခင်ဗျားတို့သားအမိနှစ်ယောက်အတွက်"

💜နှလုံးသားရှင်းတမ်း💜Where stories live. Discover now