Part-14 Uni/Zawgyi

12.6K 239 2
                                    

♥️နှလုံးသားရှင်းတမ်း♥️

Part-14

"ဝေါ ‌ကျွီ"

အိမ်ရှေ့ပေါ်တီကိုရှေ့ကားရပ်သံကြောင့်ညီမဖြစ်သူအရိပ်သစ်ကထွက်လာခဲ့လေသည်။

"ဟော ကိုကိုပါလား"

ထိုသို့ပြောလိုက်တာကြောင့်အဲလစ်ဆိုသည့်တစ်ယောက်ကပါလိုက်ထွက်လာလေသည်။ကားပေါ်ကဆင်းဆင်းခြင်းအဲလစ်ကိုပါတွေ့လိုက်ရတာကြောင့်စိတ်ပျက်သွားရပြီး"ကျစ်"တစ်ချက်သပ်လိုက်လေသည်။ဒီအိမ်ကိုဘယ်တော့ကမှမလာချင်ခဲ့။မလာပြန်ရင်လည်းအဖေဖြစ်သူကပြောလို့ဆိုလို့ကပြီးတော့မည်မဟုတ်။အလကားနေရင်း ငရဲကဆယ်ပိဿာလောက်တိုးနေအုံးမည်။

"ကိုကလည်းဘာလို့အခုမှလာရတာလည်း....ဟိုတစ်နေ့ကတည်းကအဲလစ်ကမျှော်နေတာ"

ထိုသို့ပြောပြီးအဲလစ်ဆိုသည့်တစ်ယောက်ကရှင်းရဲ့လက်ကိုရဲတင်းစွာတွဲလာလေသည်။ထိုစကားတွေကြောင့်မကြည်နေတဲ့စိတ်ကအတော်လေးကိုနှောက်လာရလေသည်။အဲလစ်ရဲ့လက်ကိုဖယ်ချပြီးခန္ဓာကိုယ်ချင်းအနည်းငယ်ခွာလိုက်ကာ

"မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလည်း"

"ကို လို့ခေါ်လိုက်တာလေ"

"ကျစ်"

ကျစ်ထပ်သပ်မိပြန်တော့ထိုအဲလစ်ကပြုံးလိုက်ပြီးလက်ကိုထပ်ချိတ်ကာ

"ဟွန့် ဘာဖြစ်လို့လည်းကိုရဲ့နောက်လည်းခေါ်ရမယ့်အတူတူအခုကတည်းကခေါ်ထားတော့နေသားကျသွားအောင်လို့ပါ"

"ဘာပြောတယ် နောက်လည်းခေါ်ရမယ့်အတူတူဟုတ်လား"

ရှင်းထိုသို့ပြောလိုက်တော့အနောက်ကနေတုတ်ကောက်တစ်ချောင်းထောက်ကာရှင်းရဲ့အဖေဖြစ်သူကထွက်လာခဲ့လေသည်။ဒယ်ဒီ့ကိုတွဲထားသည့်မိန်းမကြီးကလည်းမျက်နှာကြီးကိုပြုံးဖြီးကာ

"ဟုတ်တယ် ငါအခုမင်းကိုခေါ်တာ သမီးအဲလစ်နဲ့မင်းရဲ့မင်္ဂလာကိစ္စအတွက်ပဲ"

ရှင်းရဲ့ဒယ်ဒီကထိုသို့သောစကားကိုပြောလိုက်သည်ကြောင့်အိမ်ထဲသို့ဝင်မည့်ခြေလှမ်းတွေပင်နေရာမှာတင်ရပ်တန့်သွားကာဆက်မဝင်ချင်တော့ပေ။

💜နှလုံးသားရှင်းတမ်း💜Where stories live. Discover now