Part-4 Uni/Zawgyi

11.6K 222 0
                                    

♥️နှလုံးသားရှင်းတမ်း♥️

Part-4

"အကို ရှင်း"

ထိုအသံကလမ်းတစ်ဖက်ကနေသူ့နာမည်ကိုလှမ်းခေါ်ကာလက်ယမ်းပြနေသည့် ခူးခူးမေသာဖြစ်လေသည်။

"ကျစ်"

ရှင်းကစိတ်ပျက်စွာ ကျစ် တစ်ချက်သပ်လိုက်ပြီးသူမကိုမကြည့်တော့ပဲကိုယ့်လမ်းအတိုင်းသာဆက်သွားလေသည်။လမ်းတစ်ဖက်ကနေခူးက ကားတွေကိုရှောင်ရှားရင်းလမ်းကူလာပြီးမမောနိုင်သူ့နောက်ကိုပြေးလိုက်လာခဲ့လေသည်။

"အကို့....အမလေးမောလိုက်တာ.....ခူးခေါ်နေတာကိုမကြားဘူးလား"

"မင်းဘာလာရှုပ်ပြန်ပြီလည်း"

ရှင်းရဲ့စကားကြောင့်ခူးနားမလည်စွာမျက်လုံးလေးဝိုင်းသွားအောင်စဉ်းစားလိုက်ပြီး

"အကို ခူးကိုစိတ်ဆိုးနေတာလား.....ခူးဘာအမှားလုပ်မိလို့လည်းဟင်"

"အေး မင်းကတော့မလုပ်ပါဘူး မင်းရဲ့ကျေးဇူးရှင်အမေက ငါ့ကိုမင်းနဲ့မပတ်သက်ဖို့လာကောသွားတယ်.....အဲ့တော့မင်းငါနဲ့လာမပတ်သက်နဲ့ ငါအာရုံနောက်မခံနိုင်ဘူး"

"ရှင် ခူးမာမီကပြောတာလား"

"အေး ဟုတ်တယ် မင်းခပ်ဝေးဝေးနေပေးပါလား"

"အယ် အကို့မျက်နှာကဘာဖြစ်တာလည်း.....ရန်ဖြစ်ထားတာလား"

ခူးကသူ့ရဲ့စကားကိုဂရုမစိုက်ပဲသူ့မျက်နှာကဒဏ်ရာကိုသူမ လက်လေးနဲ့အသာတို့ထိကာမေးလာတော့ ရှင်းလည်းသူမလက်ကိုပုတ်ထုတ်ပြစ်လိုက်လေသည်။

"အ အကို"

"ကျစ်"

သူမကမျက်နှာငယ်လေးနဲ့ဖြစ်သွားတော့ သူစိတ်တွေထွေပြားလာရသည်။

"ခူးခူးမေ မင်းငါနဲ့ဝေးဝေးနေပါ.....မင်းတို့လိုလူတွေနဲ့ငါအဆက်အဆံမလုပ်ချင်ဘူး"

"အကိုပြောတော့ ခူးနဲ့ခင်မယ်ဆို"

"တော်ပြီ ငါတို့ရဲ့ခင်မင်မှုကဒီလောက်ပဲ ခူးခူးမေ..
မင်းကိုယ့်လမ်းကိုသွားတော့"

ရှင်းကထိုသို့ပြောပြီးသူမကိုလှည့်မကြည့်တမ်းထွက်သွားခဲ့လေသည်။ခူးကတော့မျက်ရည်ကြည်တွေဝေ့ဝဲလျက်

💜နှလုံးသားရှင်းတမ်း💜Where stories live. Discover now