♥️နှလုံးသားရှင်းတမ်း♥️
Part-20(ဇာတ်သိမ်းပိုင်း)
ဒီနေ့ကခူးတို့ရဲ့မင်္ဂလာပွဲနေ့........
"မဖြစ်ဘူး ဒီမင်္ဂလာပွဲကိုငါမပျက်ပျက်အောင်ဖြတ်မှရမယ်"
လင်းလည်းအပြင်သွားခဲ့တာကြောင့်သူမရဲ့လက်ကသံကြိုးတွေကိုမရမကဖြုတ်နေလေသည်။လက်ကသံကြိုးတွေကိုကုတင်တိုင်နဲ့မရမကထုကာမပျက်ပျက်အောင်ဖြတ်နေလေသည်။သူမရဲ့အားနဲ့မရတာကြောင့်လက်ကောက်ဝတ်မှာနီရဲလာပြီးသွေးလေးတွေပင်စို့လာလေသည်။
"ဟာ ပျက်စမ်းပါဟ"
အဲလစ်တစ်ယောက်နာကျင်မှုကိုပင်မေ့လျော့ကာဒီကနေလွှတ်ဖို့သာအားခဲနေမိသည်။
"ဒုတ် ဒုတ် ဂျောက်"
ကံကောင်းစွာနဲ့ပဲသော့ကကုတင်တိုင်နဲ့ထုပါများမှုကြောင့်ပွင့်သွားလေသည်။သော့ပွင့်သွားတော့အဲလစ်ရဲ့မျက်နှာလေးအရောင်လက်သွားပြီးပျော်သွားရလေသည်။လက်ကသံကြိုးတွေကိုအမြန်ဖြုတ်ချပြီးတံခါးဆီသို့လျှောက်လာလိုက်သည်။ကံကြမ္မာကမျက်နှာသာထပ်ပေးပြန်သည်။တံခါးကို လင်းကသော့မခတ်သွားမိလေတော့သူမအကြိုက်ဖြစ်သွားရလေသည်။တံခါးကိုအမြန်ပဲဖွင့်ပြီးအိမ်ပေါ်ထပ်ကနေပြေးဆင်းကာခြံပြင်သို့ရောက်လာခဲ့လေသည်။သူမဘယ်ရောက်နေတယ်ဆိုတာမသိပေမယ့်လမ်းကြောင်းလေးအတိုင်းသူမအမြန်လျှောက်လာလိုက်သည်။လင်းလည်းအိမ်ပြန်ရောက်ပြီးသူမမရှိတာသိလိုက်သည်နှင့်အမြန်ပဲနှစ်လုံးပြူးသေနတ်ကိုကိုင်ကာလိုက်ရှာလေတော့သည်။
"မဖြစ်ဘူးငါမြန်မြန်သွားမှရမယ်"
ထိုလမ်းငယ်လေးသာဆုံးသွားတယ်အခုထိလမ်းကရှာမတွေ့ပဲတောကနက်သထက်နက်လာလေသည်။
"ဟာ ကျစ် လမ်းကဘယ်မှာလည်း"
သူမဆက်လျှောက်လာတော့အနောက်ကနေတစ်ခုခုရှိနေသလိုခံစားရတော့သူမလှည့်ကြည့်လိုက်ရာသစ်ပင်အနောက်ကနေအဝါရောင်မျက်လုံးတွေနဲ့သူမကိုကြည့်နေပြီးကိုယ်မှာအပြောက်အပြောက်တွေနဲ့ကျားသစ်တစ်ကောင်ပင်ဖြစ်နေလေသည်။သူမသိပ်ကိုကြောက်သွားပြီးလင်းပြောသည့်တောရဲတိရစ္ဆာန်တွေရှိနေတယ်ဆိုတာသူမ ယုံလာရလေသည်။ထိုကျားသစ်ကမာန်ဖီလိုက်တော့ဖြူဖြူဖွေးဖွေးအစွယ်တွေကပေါ်လာတော့သူမအနောက်ကိုတစ်လှမ်းချင်းဆုတ်ရင်းနဲ့လှည့်မကြည့်တမ်းပြေးလေတော့သည်။
YOU ARE READING
💜နှလုံးသားရှင်းတမ်း💜
Fanfictionဆိုးမယ်မိုက်မယ်ကြမ်းမယ်ဒါပေမယ့်မင်းကိုတော့ချစ်တယ်....ကိုယ့်နှလုံးသားကိုရှင်းတမ်းထုတ်လိုက်ပြီ ကိုယ်မင်းတစ်ယောက်ထဲကိုပဲချစ်နေမိတယ်ခူးရယ်.... မင်းရန်ရှင်း မိဘတွေကိုလွန်ဆန်ပြီးတော့တောင်ရှင့်ကိုချစ်ခဲ့တာပါကိုကိုရယ်....ခူးကျန်ရစ်တော့မဖြစ်ပါရစေနဲ့...အကို့က...