ကြီးကျယ် ခန်းနားလှတဲ့ မင်္ဂလာ ဧည့်ခံပွဲတစ်ခုမှာ အရာအားလုံးက သစ်လွင်တောက်ပြောင်နေပြီး နေရာတိုင်းမှာလဲ အဖြူရောင်နှင်းဆီတို့က
ထိုခန်းမကိုပိုလို့ တင့်တယ်အောင် စွမ်းဆောင်နေလေ၏။
လူတိုင်းလူတိုင်းအပြုံးကိုယ်စီဖြင့် နှုတ်ဆက်ပြောဆိုနေကြသည်။
လူတိုင်းကပျော်ရွှင်နေပေမဲ့ တစ်ယောက်သောအမျိုးသားလေးကတော့ မပျော်နိုင် မျက်ရည်ပုလဲလေးများက မကျရုံတမယ် မျက်ဝန်းထဲ၌ ဝဲသီနေပြီး အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့သူလို ငေးမှိုင်နေ၏။
ပျော်ရွှင်နေသော သူများသည် ထိုလူငယ်လေးအား မမြင်နိုင်ကြပေ...
မကြာခင်မှာပဲ မင်္ဂလာပွဲအခမ်းအနားစတင်လေတော့
ထိုအမျိုးသားငယ်၏အကြည့်လေးများက ဝတ်ဆုံပြည့်ဖြင့်သပ်ယက်လှပနေသော သတိုးသားဆီမှာသာ...*ကိုကို...ပျော်ရဲ့လားဟင်...အခုတော့ ကိုကိုချစ်တဲ့အမျိုးသမီးလေးရဲ့အနားမှာ ထာဝရနေနိုင်တော့မှာပေါ့နော် *
ထိုအချိန် အခမ်းအနားစီစဥ်သူရဲ့ ကြော်ငြာချက်အရ
ခမ်းမထဲကို တလှမ်းချင်းလှမ်းဝင်လာတဲ့ နတ်သမီးလေးလို့လှပတဲ့
ယခုဧည့်ခံပွဲကြီးရဲ့ အဓိကမင်းသမီးလေးဟာ သူ့ရဲ့ဝတ်စုံဂါဝန်အဖြူလေး၊ လက်ကိုင်ပန်းစည်းလေးနဲ့အတူ သတိုးသားရှိရာကို လျောက်လှမ်းလာခဲ့သည်။အားလုံးက လက်ခုတ်တီးကာ ထိုအမျိုးသမီးလေးဆီ အကြည့်ရောက်နေကြပေမဲ့
တစ်ယောက်သောသူကတော့ သတိုးသားရဲ့အပြုံးလေးတွေကိုသာ
တိတ်တဆိတ်လိုက်ငေးမောနေလေ၏။ထို့နောက်သူ၏ အတွေးတွေဟာလဲ အတိတ်တနေရာဆီလွင့်မျောသွားလေသည်။
"ကိုကို..."
"ဗျာ... ပေါက်စ လာလေ "
"ကိုကိုဘာလုပ်နေတာလဲဟင်"
"ကိုကိုက ပေါက်စကြိုက်တဲ့ စတော်ဘယ်ရီကိတ်လေးလူပ်နေတာ
စားမှာလား""အွန်း..."
"အဟားဟား ကိုကို့ချစ်သူလေးက ချစ်ဖို့ကောင်းလိုက်တာဗျာ
ဒီမှာခဏစောင့် ကိတ်ရ ရင် ယူခဲ့မယ်"......
"ကိုကိုချစ်လား"
"အများကြီးချစ်တာပေါ့..."
YOU ARE READING
ရင်ခုန်သံထပ်တူ ရင္ခုန္သံထပ္တူ