PartI🍂

1.3K 118 23
                                    

ဒီကျောက်ပြားတွေ။

ကျွန်တော့်မှတ်ဉာဏ်ထဲမှာ လျှောက်ခဲ့ဖူးသလိုနဲ့စိမ်းနေသည်။

တွဲထားတဲ့လက်တစ်စုံ။

ကျွန်တော့်မှတ်ဉာဏ်ထဲမှာ ထိတွေ့ဖူးသလိုနဲ့ စိမ်းနေပြန်သည်။

"ဒါ ကျွန်တော်တို့ ပထမဆုံးစတွေ့တဲ့နေရာ နောက်တော့ ကျွန်တော်တို့ခဏခဏ လာဖြစ်တဲ့နေရာ"

ဘေးနားက ကျွန်တော့်ကိုရှင်းပြနေတဲ့ နှုတ်ခမ်းဖူးဖူးနဲ့ ကလေးမျက်နှာနဲ့ ကောင်လေးကို ကြောင်တောင်တောင်ပြန်ကြည့်လိုက်သည်။

ဒီကောင်လေးဟာ ကျွန်တော်တစ်ခါမှမသိဖူးတဲ့ အကြောင်းအရာတွေကို လာလာပြောနေကြ။

ဥပမာ..ကျွန်တော်က ယောကျ်ားလေးတစ်ယောက်ကို ချစ်ခွင့်ပန်ခဲ့တယ်ဆိုတာမျိုး။

မှတ်မိနေဆဲ အတိတ်တွေထဲမှာ ကျွန်တော့်အနားမှာ ရင်ခုန်ပစ်ချင်စရာ မိန်ကလေးတွေချည်း။ယောကျာ်းလေးတစ်ယောက်ကိုချစ်ခွင့်ပန်ဖို့ဆိုတာ ကျွန်တော်
စိတ်ကူးမယဉ်ခဲ့ဖူးဘူး ထင်သည်။ အထူးသဖြင့်
ကျွန်တော့်ရှေ့က ထိုကောင်လေးကိုပေါ့။

ပါဝါခပ်ထူထူ မျက်မှန်ရယ်...နည်းနည်းပွပီး ဖွာနေတဲ့ ဆံပင်အညိုရောင်တွေရယ် သူ့ခန္ဓာကိုယ်ထက်ပွနေတဲ့ T shirtကြီးရယ်...ထိုကောင်လေးကိုကျွန်တော်ချစ်ခွင့်ပန်ခဲ့တယ်ဆိုတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား။

မိန်းကလေးဆိုရင်တောင် အချိုးအဆစ်လှပပြေပစ်တဲ့ပုံစံမျိုးကိုတောင် ရင်ခုန်မိမလားမသိတဲ့ ကျွန်တော်လိုကောင်က ဒီလို ပါးကပ်ကပ်နဲ့ပုံမလှပန်းမလှလေးကို ချစ်မိသွားသတဲ့။

မယုံဘူးလို့ ငြင်းရအောင်လည်း ထိုကောင်လေးမှာ
ခိုင်မာတိကျသောဓာတ်ပုံတွေရှိသည်။ဓာတ်ပုံတွေထဲက ကျွန်တော်လို့ မယုံချင်စရာဘဲ။ ထိုကောင်လေးကို ကြည့်နေသော ကျွန်တော့်မျက်လုံးများက သက်သေတွေဘဲ။

"မမှတ်မိဘူးလားဟင်"

ပျက်ယွင်းနေတဲ့ မျက်နှာလေးနဲ့ ကျွန်တော့်ကိုလာ
ကြည့်နေတော့လည်း...

"ကိုယ်လည်းမှတ်မိအောင် ကြိုးစားနေပါတယ်"

မေမေနဲ့ထိုကောင်လေးပြောပြသလောက် သိရတာတော့ clubကအပြန် ကျွန်တော်မူးပီးကားမှောက်သွားရာကနေ  တစ်နှစ်နီးပါးလောက် ကိုမာဖြစ်နေခဲ့
တယ်တဲ့။သို့သော် ကျွန်တော်နိုးလာသည့်
မှတ်ဉာဏ်တွေထဲ ကင်မ်ဆော့ဂျင်ဆိုတဲ့ ကောင်လေးတစ်ယောက်မရှိပါ။

Lub-DubWhere stories live. Discover now