အိမ်ဘေးက ခုံပေါ်မှာထိုင်ရင်း စာအုပ်ဖတ်နေတဲ့
ဆော့ဂျင်ကို ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကနေကျွန်တော်ငေးကြည့်နေမိတာ အတော်ကြာပီ။တစ်ချက်တစ်ချက်ပြုံးသွားလိုက်...တစ်ချက်တစ်ချက်မျက်မှောင်ကြုတ်သွားလိုက်။ဒီကောင်လေးက ချစ်စရာတော့ကောင်းတာဘဲ....
နှုတ်ခမ်းဖူးဖူးလေး ပီးတော့ပါးမို့မို့လေးနဲ့။"မင်း ယောကျာ်းလေးတွကို ကြိုက်တတ်တာလား"
လို့ကျွန်တော်မေးမိတဲ့နေ့က..."အဲ့လိုတာဆိုရင် ကျွန်တော် အခုနောက် ကောင်လေးတစ်ယောက်ကို သွားထပ်ရှာမှာပေါ့ ထယ်ယောင်း"
လို့ သူဆောင့်ကြီးအောင့်ကြီး ပြန်ဖြေပီး အဲ့သည်နေ့
တစ်နေ့လုံး ကျွန်တော့်ကိုစိတ်ဆိုးနေခဲ့သည်။ဒီပုံအတိုင်းဆို ကျွန်တော်က ဆော့ဂျင်ကို စတင်ခဲ့တာဖြစ်မည်။
စာအုပ်တွေနဲ့ပဲ မိတ်ဆွေဖြစ်နေတဲ့...တေးသီချင်းတွေကိုနှစ်ခြိုက်တဲ့...ဘုရားကျောင်းအမြဲသွားတဲ့ ဒီလို
စာအုပ်ကြီးပုံစံ ခပ်တုံးတုံးကောင်လေးကို
ကျွန်တော်ဘယ်လောက် ပင်ပင်ပန်းပန်းလိုက်ခဲ့ရပါ
လိမ့်။ပျောက်ဆုံးနေတဲ့ ငါးနှစ်နီးပါးမှတ်ဉာဏ်တွေကို
ကျွန်တော် တကယ်နားမလည်နိုင်သေး။တိကျသေချာတဲ့အတိတ်တစ်ခုမှာ ကျွန်တော်ဆော့ဂျင်ကို သိပ်ချစ်ခဲ့တယ်ဆိုရင် ကျွန်တော့်နှလုံးသားက အချက်ပြသင့်ပီ။"ထယ်ယောင်း"
ပန်းကန်တစ်လုံးနဲ့ ဖျော်ရည်တစ်ခွက်ကို ကိုင်ရင်း ဆော့ဂျင် အခန်းထဲရောက်လာသည်။မှတ်ဉာဏ်အားကောင်းအောင်ဆိုပီး ကျွန်တော့်ကိုဂျင်ဆင်းနဲ့ ကြက်သားတွေပြုတ်တိုက်တာတစ်မျိုး...တစ်နေ့
တစ်မျိုးအသီးဖျော်ရည်တွေတိုက်တာတစ်မျိုး...အူကြောင်ကြောင်နိုင်တဲ့သူက တကယ်ချစ်ဖို့ကောင်းပါသည်။"ဒီနေ့ရော ဘာဖျော်ရည်လဲ"
"ဘလူးဘယ်ရီ"
ကျွန်တော်စားနေတာကို စောင့်ရင်း သူဘေးမှာငြိမ်
ငြိမ်လေးထိုင်နေသည်။ဘာစကားမှလည်းမပြော...ကျွန်တော့်ကိုလည်းကြည့်မနေပါ။
YOU ARE READING
Lub-Dub
Fanfictionနောက်တစ်ခါထပ်မေ့သွားလဲ ကိုယ့်နှလုံးသားထဲမှာပြန်ရှာလိုက်မယ် Started: Sept11 ,2023 Finished:Dec30,2023