PartIV🍂

571 85 9
                                    

စာအုပ်တစ်အုပ်ဖတ်နေရင်း တံခါးခေါက်သံကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသည်။
ဆော့ဂျင်ကတံခါးခေါက်လေ့မှမရှိတာ...။

တံခါးပွင့်လာတော့ မေမေ။ဆော့ဂျင်ရောလို့ တန်းမေးတော့မယ့် ပါးစပ်ကို အလျင်အမြန်စိပီး ရယ်ပြလိုက်ရသည်။

"သား ဆေးသောက်ဖို့ ကြက်စွပ်ပြုတ် စားလိုက်ဦး"

ဘေးနားမှာလည်းအရံသင့် အသီးဖျော်ရည်တစ်ခွက်ကိုချထားသည်။ဒါနဲ့ ဆော့ဂျင်က ဘာလုပ်နေလို့လဲ။

"ဘာဖျော်ရည်လဲ မေမေ"

"ကီဝီသီး"

ဆော့ဂျင် ဘယ်မှာလဲ မေးချင်နေတဲ့ပါးစပ်ထဲကို ကြက်စွပ်ပြုတ်တွေ တစ်ဇွန်းပီးတစ်ဇွန်းထည့်ရင်း။
ဒီကောင်လေး မနက်ကတည်းကမတွေ့တာ...အရင်ကဆိုမနက်တိုင်း သူမနက်စာ စားတာကိုဘေးမှာ
ထိုင်စောင့်နေကြ။နေ့လည်ဘက်လည်း သူကိုယ်တိုင် အသီးဖျော်ရည်နဲ့စွပ်ပြုတ်တွေလာတိုက်နေကြ။

"ဆော့ဂျင်ကို မနက်ကတည်းကမတွေ့ဘူး ထယ်ယောင်း...ကျောင်းကိစ္စတွေနဲ့ရှုပ်နေသလားမသိဘူး"

မေမေ့မျက်နှာကိုမော့မကြည့်ဖြစ်လိုက်...ကျွန်တော်သာမော့ကြည့်ဖြစ်ရင် မေမေကပြုံးစိစိနဲ့ကြည့်နေဦးမှာ...မေမေလည်းဆော့ဂျင် ဘာလို့မလာလဲ မသိဘူးထင်သည်။

"နေကောင်းလားသား ဒီနေ့ဘယ်လိုနေလဲ"

"ကျွန်တော် နေကောင်းနေပါပီ နောက်တစ်ပတ်လောက်ဆိုရင် ကုပ္မဏီကို ပြန်လာလို့တောင်ရပီ"

"ခါးကရော နာနေသေးလား"

"နည်းနည်း..."
မေမေကသက်ပျင်းချရင်း ကျွန်တော့်ကိုကြည့်ကာ ခပ်ဖွဖွပြုံးသည်။

"သားသာ တစ်ခုခုဖြစ်သွားရင်..."
ကျွန်တော် မေမေ့ပုခုံးနားကို တိုးပီးဖက်ထားလိုက်သည်။

"မဖြစ်လို့ ပြန်လာပီဘဲ မေမေကလည်း..."

ပိန်သွယ်သွယ်လက်ကလေးတွေက ကျွန်တော့်ကို နွေးထွေးမှုအပြည့်နဲ့ ပြန်လည်ဖက်ထားသည်။နည်းနည်းကြာမှမေမေကကျွန်တော့် မျက်နှာကိုကြည့်ရင်း...

"မင်းမေ့နေခဲ့တဲ့ တစ်နှစ်ကျော်မှာ မေမေ့နားမှာ
ဆော့ဂျင်ရှိနေခဲ့လိုပေါ့ သားရယ်...သူသာမရှိရင် မေမေလဲသွားမှာ သားပြန်နိုးလာမှာကို ယုံကြည်နေဖို့ မေမေ့ကိုနေ့တိုင်း ပြောပြ နှစ်သိမ့်ပေးခဲ့တာ"

Lub-DubWhere stories live. Discover now