နီးကပ်စပြုနေပီဆိုတာ ကျွန်တော်သိတယ်။
ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေ
ဆိုတာ ကျွန်တော့်အနားမှာဘဲရှိနေတာလို့ခံစား
နေရသလို။ကျွန်တော့်အနားမှာ ဂစ်တာတစ်လက်နဲ့ သီချင်းစပ်ဖို့ကြိုးစားနေပုံရတဲ့ ဆော့ဂျင်က စာရွက်တွေနဲ့အလုပ်ရှုပ်နေသည်။အခုရက်ပိုင်း ဆော့ဂျင် ကျွန်တော့်အနားမှာ သိပ်မရှိဘူး နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်အနေနဲ့ သူကအလုပ်ရှုပ်နေသလားမသိ။
ကျွန်တော်အကြိမ်ကြိမ်စဉ်းစားဖူးတယ်။ဒီအတိုင်း
ဘာမှမမှတ်မိဘဲ ပြန်သွားရမလား။ဟင့်အင်း...ကျွန်တော်အရင်တုန်းက ထယ်ယောင်းအဖြစ်နဲ့ဘဲ သူ့အနားရှိချင်သည်။ရုတ်တရက်တံခါးခေါက်သံကြားလိုက်ရပီး မေမေဖြစ်နေသည်။ဆော့ဂျင်ကို လှမ်းပြုံးပြကာမေမေ
ကျွန်တော့်အနားရောက်လာသည်။"စကားနည်းနည်းပြောရအောင် မေမေ့အခန်းကိုလာခဲ့"
ခပ်တိုးတိုးဖြစ်နေသောမေမေ့အသံက ဆော့ဂျင်ထိုင်နေသောအကွာအဝေးကကြားနိုင်မှာမဟုတ်။
ဘာအကြောင်းလဲ...မေမေ ထွက်သွားမှ ကျွန်တော်မေမေနောက်လိုက်သွားလိုက်သည်။ဆော့ဂျင်က
ကျွန်တော့်ကိုတစ်ချက်လှမ်းကြည့်ပေမဲ့ ပြုံးပြရုံကလွှဲပီးဘာမှပြန်မပြောပါ။မေမေ့အခန်းထဲက ခုံမှာမျက်နှာချင်းဆိုင်ထိုင်ရင်း မေမေပြောမယ့် တစ်ခုခုကို စောင့်နေလိုက်သည်။
"ဆော့ဂျင်အမေ လာသွားတယ် သား"
လန့်သွားသလို အံ့ဩသွားသလို ခံစားမှုမျိုး။
"ဘာလို့လာတာလဲ မေမေ"
"ငိုလဲငိုနေခဲ့တာ အမေတစ်ယောက်အနေနဲ့ မေမေသူ့ကိုကိုယ်ချင်းစာတယ်"
မေမေဘာကိုပြောချင်နေတာလဲ။
"သူပြောသွားတယ် သူ့မှာလည်းမေမေ့လို သားလေး
တစ်ယောက်ပဲရှိတာတဲ့ မေမေကသားတို့ကိစ္စကို
သားတို့စိတ်ချမ်းသာအောင် သဘောတူလက်ခံနိုင်
ပေမဲ့ သူ့မှာတော့ ဆော့ဂျင်အဖေရဲ့ စကားကို
လွန်ဆန်နိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့"
YOU ARE READING
Lub-Dub
Fanfictionနောက်တစ်ခါထပ်မေ့သွားလဲ ကိုယ့်နှလုံးသားထဲမှာပြန်ရှာလိုက်မယ် Started: Sept11 ,2023 Finished:Dec30,2023