Unicode
လင်းချန်က ရဲအရာရှိအား သူ့ရဲ့သိသိသာသာမနှစ်သက်မှုကို ဖော်ပြပြီးပြီးလို့ တွေးနေခဲ့သည်။ ဒီသွေးနှောကပြားလူသားနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့အရာက လင်းချန် ဘတ်စ်ကားနဲ့အိမ်ပြန်မှာကို ဒေါသထွက်မယ့်အစား တံခါးကိုလော့ချကာ စိုးရိမ်စွာပြောလေသည်။
"မစ္စတာလင်းကို ဒီချိန်ကြီး တယောက်ထဲပြန်လွှတ်လိုက်ရင် ကျွန်တော့်အမေက ကျွန်တော့်ကို ဆူလိမ့်မယ်"ရှင်းပြခြင်းမရှိဘဲ သူဟာ မြို့တော်မူလတန်းကျောင်းရဲ့ဆန့်ကျင်ဘက်အရပ်ကို ကားမောင်းထွက်လာသည်။
သူတို့တွေ မရေမတွက်နိုင်သည့်နီယွန်မီးတွေကို ကျော်ဖြတ်လာပြီးနောက် လင်းချန်ဟာ သူ့ကို ရဲတွေ ပြန်ပေးဆွဲသွားတယ်လို့တောင် ခံစားလာမိသည်။
နောက်တခေါက် ကားရပ်သွားတဲ့အချိန်မှာ သူတို့တွေ မြို့တော်ရဲ့အကျော်ကြားဆုံး ဈေးလမ်းကို ရောက်လာခဲ့ပြီ ဖြစ်တယ်။
"ကျွန်တော့်လုပ်ပိုင်ခွင့်ကို ယူပြီး ခင်ဗျားကို ရဲစခန်းခေါ်သွားပြီးတော့ စုံစမ်းစစ်ဆေးမှုမှာ ကူညီခိုင်းခဲ့မိတယ်။ ခင်ဗျားကို အများကြီးတောင်းပန်ပါတယ်။ အဲ့ဒါကြောင့် ဒီည ညစာကျွေးပါရစေ။ ကျေးဇူးပြုပြီး အရသာရှိရှိသုံးဆောင်ပါ"
မစ္စတာရဲအရာရှိက လင်းချန်ကို ရိုးသားစွာ ပြောလိုက်သည်။လင်းချန်က ပါးစပ်ဖွင့်ဟလိုက်ပေမယ့် သူ့ကိုယ်သူ ပြောစရာစကားကင်းမဲ့နေတာကို တွေ့ရှိသွားသည်။ ဒီလိုယဉ်ယဉ်ကျေးကျေးပြောလာတဲ့သူကို ငြင်းပယ်စရာစကားလုံး ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ပါဘူး။
အဲ့အစား နောက်မှီမှာ လက်တင်ထားတဲ့ဖူဟောင်က ပြောသည်။
"ကျွန်တော့်အကိုကို ဒီနေ့နှောင့်ယှက်ပြီးပြီ။ ပြီးတော့ သူ့ကို ဒီလိုလမ်းဘေးဆိုင်လေးမှာပဲလာကျွေးတာလား? ခင်ဗျားရဲ့မျက်နှာကို ဘယ်မှာထားခဲ့လဲ လျန်ကြီး?""ဒီလမ်းဘေးဆိုင်လေးတွေက ဘာဖြစ်နေလို့လဲ? ဒီနေ့ခေတ်မှာ ကျောက်ပုစွန်တကောင်ကို ၆ယွမ်ပေးရတယ်။ ခင်ဗျားသိရဲ့လား?"
ရှင်းခုန်လျန်ဟာ နာကျင်နေသည့်အမူအရာနဲ့ ပြောလိုက်သည်။
"အမှုက ခုထိ မဖြေရှင်းရသေးဘူး။ အဲ့ဒါကြောင့် ဒီလအတွက် ငါတို့ဘောနပ်စ်က မရှိတော့ဘူး။ ခင်ဗျား စတင်ပြီး ငတ်တော့မှာ"
YOU ARE READING
ပြစ်မှုဆိုင်ရာစိတ်ပညာ/ျပစ္မႈဆိုင္ရာစိတ္ပညာ
ActionTitle: Criminal Psychology Author(s) Chang'er 长洱 I don't own anything. Credits to all authors and English translators