14

32 3 0
                                    

Unicode

ကုတင်နံပါတ်နဲ့ တစုံတယောက်ကိုရှာဖို့က လွယ်ကူသည်။

လင်းချန်က အောက်စီဂျင်တပ်ထားရတဲ့ဘူကြီးတယောက်ဘေးမှာ ထိုင်လိုက်သည်။ သူတို့ရဲ့အသက်ကို အပ်ချည်မျှင်နဲ့ချည်နှောင်ပြီး ဆွဲဆန့်ထားသလိုပင်။

ဖူဟောင်က သူ့ဘေးမှာရပ်ရင်း အနည်းငယ်ကိုယ်ကိုကိုင်းကာ မေးခွန်းမေးလိုက်သည်။

"ဘရို။ ယွီယန်ချင်က ဒီမှာ အမျိုးသားတယောက်နဲ့တွေ့ဆုံခဲ့မှန်း မင်း ဘယ်လိုသိလဲ?"

"မိသားစုနဲ့မိတ်ဆွေတွေကလွဲရင် လူတယောက်ကို ပြောင်းလဲနိုင်တာက အချစ်ပဲ။ အချစ်က လူတွေကို ရူးသွပ်စေတယ်"

ရှင်းခုန်လျန်က သူဝင်လာတော့ မေးခွန်းကို ကြားလိုက်ရသည်။

သူက ခြေနှစ်လှမ်းလောက်နဲ့ရောက်လာပြီး ဘေးမှာ ရပ်လိုက်သည်။
"ဘာအမျိုးသားလဲ?"

"အကိုက သံသယရှိသူကို တွေ့ထားတယ်။ ယွီယန်ချင်က ဆေးရုံမှာ ရည်းစားရသွားတာ ဖြစ်နိုင်တယ်"

ဖူဟောင်က သတိနဲ့ပြန်ဖြေသည်။ ခုန်လျန်က မျက်ခုံးပင့်လိုက်သည်။
"ဒါပေမယ့် သူမရဲ့အချက်အလက်ထဲမှာ ရည်းစားရှိနေတယ်လို့ မပြောထားဘူးရော်"

ရှင်းခုန်လျန်က နည်းနည်းစိတ်လှုပ်ရှားသွားသည်။

တကယ်တော့ အချက်အလက်တွေက ရဲတွေရဲ့စစ်ဆေးမှုကရလာတာပဲ ဖြစ်သည်။ ဒီလို အရေးကြီးသော အချက်အလက်များကို လွတ်သွားသည့်အချက်က သူတို့လုပ်ငန်းခွင်မှာ ချို့ယွင်းချက်များ ရှိနေကြောင်း ဖော်ပြနေသည်။

"သူတို့ရဲ တုန့်ပြန်မှုတွေကို လျှို့ဝှက်ထားပြီး သူတို့ကြားမှာ ဆက်သွယ်ဖို့ အထူးနည်းလမ်းကို အသုံးပြုတာ ဖြစ်နိုင်တယ်"
လင်းချန်က စိတ်သက်သာရာရအောင် ပြောသည်။

"အဲ့ဒီတော့ အခုက?"

"သူမရဲ့လူကို ရှာရမယ်"

သတိနိုးကြားနေတဲ့ အမျိုးသမီးသမီးအသံတသံက လူနာဆောင်တံခါးကနေ ထွက်လာသည်။
"ရှင်တို့က လူနာမိသားစုဝင်တွေလား? အရင်က မမြင်ဖူးဘူးနော်?"

ပြစ်မှုဆိုင်ရာစိတ်ပညာ/ျပစ္မႈဆိုင္ရာစိတ္ပညာWhere stories live. Discover now