16

25 2 0
                                    

Unicode

သုံးနှစ်၊ ရှင်းခုန်လျန်က စဉ်းစားနေသည်။

ဖန်ဖေးလင်က လင်းချန်ကို သုံးနှစ်လုံး စောင့်ကြည့်နေခဲ့သည်။

မိုးရွာရွာ နေပူပူ၊ ဖန်ဖေးလင်ဟာ ပြတင်းပေါက်ဘေးမှာ တိတ်တဆိတ်ထိုင်ပြီး သူ့ထက်တောင် ပိုတိတ်ဆိတ်ငြိမ်သက်သည့် ဆန့်ကျင်ဘက်အဆောင်က လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။

သူ စာဖတ်နေနေ စာရေးနေနေ၊ ကလေးတွေနဲ့ စကားပြောနေရင်တောင်မှ လင်းချန်ကို စောင့်ကြည့်နေခဲ့သည်။

လင်းချန်ဘာလုပ်လုပ်၊ သူ့ကို အဝေးကနေ စောင့်ကြည့်နေတတ်သည့် မျက်လုံးတစုံ ရှိနေခဲ့သည်။ ပြီးတော့ ထိုမျက်လုံးတွေဟာ ဆူးတွေလိုပင်။ မဟုတ်ဘူး။ ဆူးတွေထက်တောင် ပိုဆိုးပါသည်။

ခုန်လျန်ဟာ မတုန်လှုပ်ပဲ မနေနိုင်ပေ။

သူဟာ စာအုပ်၊ စာတစောင်၊ သဲလက်တဆုပ်နဲ့အတူ စခန်းကို ပြန်ရောက်လာသည်။

စခန်းထဲမှာ အအေးဓါတ်က ပြိုကွဲသွားတာ အတော်ကြာပါပြီ။

လင်းချန်ဟာ ခုံပေါ်မှာ အသာအယာအိပ်နေပြီး သူ့အပေါ်မှာ ရဲဝတ်စုံအပေါ်ဝတ်ကို လွှမ်းခြုံထားသည်။

ကြယ်ရာထူးတံဆိပ်က တောက်ပနေသည်။ စစ်ဆေးရေးမှူးဟွမ်က သူ့ဘေးမှာ အဖြူရောင်ရှပ်နဲ့သာ ထိုင်နေပြီး ဘယ်ခြေထောက်က ညာခြေပေါ် ချိတ်တင်ထားသည်။ သူ့လက်တဖက်မှာ ရေနွေးခွက်ကိုင်ထားပြီး နောက်လက်တဖက်က မှတ်စုစာအုပ်ကို လှန်ကြည့်နေသည်။

ရှင်းခုန်လျန်ဟာ တံခါးမှာရပ်နေပြီး 'အခန်းထဲမှာ ခုံတွေဒီလောက်များတာတောင် ဟွမ်က လင်းချန်နားမှာပဲထိုင်ဖို့ ရွေးချယ်တယ်'လို့ စဉ်းစားနေသည်။

သူ အပြည့်အဝထိုင်ခွင့်ရှိတဲ့နေရာလိုမျိုး အဲ့ဒီလူဟာ အရမ်းကို သဘာဝကျစွာ ထိုင်နေသည်။

ခုန်လျန်က ဒါနဲ့ပတ်သတ်ပြီး အနည်းငယ်မပျော်မရွှင် ဖြစ်သွားသည်။

ဖူဟောင်က အနောက်ဘက်ကနေပေါ်လာပြီး အထဲကမှအခြေအနေကို တချက်ကြည့်လိုက်ကာ အာရုံမစိုက်နိုင်ဖြစ်နေသည့်ခုန်လျန်ကို အခန်းထဲ ဆွဲခေါ်လာသည်။

ပြစ်မှုဆိုင်ရာစိတ်ပညာ/ျပစ္မႈဆိုင္ရာစိတ္ပညာWhere stories live. Discover now