Unicode
ယန်ကျားလမ်းက ချွင်းရွှေလမ်းနဲ့ သိပ်မဝေးပေ။ တကယ့်ကို လမ်းလျှောက်သွားလို့ရသည့် အကွာအဝေးအတွင်းမှာပဲ ရှိသည်။
အပြင်ဘက်မှာ မိုးသည်းစွာရွာသွန်းနေဆဲဖြစ်ပြီး ထူထပ်သောတိမ်များဟာ နေ့နှင့်ညကြား နယ်နိမိတ်ကို ဝေဝါးစေသည်။
တိုင်ဖွန်းမုန်တိုင်း သို့မဟုတ် လူသတ်မှုတွေရဲ့ လွှမ်းမိုးမှုကြောင့် ချင်းရွှေလမ်းမှာ ဆိုင်အနည်းငယ်ပဲ ဖွင့်ထားသည်။
သည်းထန်သောမိုးဟာ မြေပြင်ပေါ်ရှိသွေးတွေကို သန့်ရှင်းအောင် ဆေးကြောခဲ့သည်။ လေထုက လတ်ဆတ်သန့်ရှင်းနေသည်။
အရမ်းကို လတ်ဆတ်နေတာက လူတွေရဲ့ခြေလှမ်းကို အရှိန်လျော့ကျစေသည်။
လင်းချန်ဟာ ဖြည်းညှင်းစွာလမ်းလျှောက်နေပြီး သူ့မှာ ထီးမရှိပေ။ အဲ့အစား ခုန်လျန်က သူ့အတွက် ထီးကိုင်ပေးထားသည်။
ဘာကြောင့်မှန်းမသိပေမယ့် လင်းချန်ဟာ အရမ်းငယ်သေးတယ်လို့ ရှင်းခုန်လျန် ခံစားနေမိသည်။ ဖူဟောင်က သူ့ကို 'အကိုကြီး'လို့ ခေါ်နေသော်လည်း လင်းချန်ဟာ ဖူဟောင်ထက် ငယ်ပုံပေါက်သည်။
သူက ဘွဲ့ရပြီးကာစလူငယ်အရွယ်ဖြစ်ပေမယ့် သူဟာ ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှုတို့ကို ထူးထူးခြားခြား မဖော်ပြဘဲ လူအိုကြီးတယောက်လို ပြုမူနေသည်။
သူဟာ အေးဆေးတည်ငြိမ်စွာ ကောက်ချက်ချနိုင်ပြီး အမူအရာပြောင်းလဲခြင်းမရှိဘဲ အလောင်းစင်အောက်မှာ လှဲလျောင်းခဲ့သည်။
ဒါကို မည်သို့ပြောင်းလဲရမှန်း ရှင်းခုန်လျန် သိချင်မိသည်။
သူတို့တွေ ဖြည်းညှင်းစွာ ရှေ့ဆက်လာပြီး သိပ်မကြာခင်မှာပဲ သစ်သီးရောင်းသည့်ဆိုင်ရှေ့ ရောက်လာကြသည်။ အဲ့ဒီနေ့မတော်တဆဖြစ်ပြီးကတည်းက ဆိုင်ပိတ်သွားခဲ့သည်။ အဲ့ဒီမှာ မည်သူမှရှိမနေဘဲ တံခါးတင်းတင်းပိတ်ထားသည်။
လင်းချန်ဟာ အဲ့ဒီနေ့က ယန်ချင်ရပ်နေခဲ့သည့်နေရာမှာပင် ရပ်လိုက်သည်။
တိမ်ထူနေပြီး မိုးကလည်းအခုနှင့်မတူညီစွာ ရွာမနေခဲ့ပေ။
ခုထိ နေမဝင်သေးဘဲ ငါးနံ့က လူတွေရော လေထဲမှာရော တရစ်ရစ်ဝဲနေသည်။
YOU ARE READING
ပြစ်မှုဆိုင်ရာစိတ်ပညာ/ျပစ္မႈဆိုင္ရာစိတ္ပညာ
حركة (أكشن)Title: Criminal Psychology Author(s) Chang'er 长洱 I don't own anything. Credits to all authors and English translators