9: နောက်ဆုံးတော့/ ေနာက္ဆုံးေတာ့

30 4 0
                                    

Unicode

သူ့ပြတင်းပေါက်ကိုခေါက်တဲ့အသံကြောင့် လင်းချန်နိုးသွားသည်။

သန့်ရှင်းရေးအဒေါ်ကြီးက အဝါရောင်ခေါင်းစွပ်အင်္ကျီနဲ့ ပြတင်းပေါက်အပြင်ဘက်တွင် မတ်တပ်ရပ်နေသည်။ လင်းချန်က ထပြီး ပြတင်းပေါက်ဖွင့်လိုက်သည်။ သူမက စိတ်ဆိုးစွာနဲ့မေးသည်။
"ရှောင်လင်း၊ မင်းမှာ ယန်ချင်ရဲ့သိုလှောင်ခန်းသော့ ရှိလား?"

လင်းချန်က ခေါင်းခါလိုက်သည်။ ထို့နောက် သူ တခုခုကို ရုတ်တရက်သတိရသွားပြီး မေးလိုက်သည်။
"ဒီနေ့က ကျောင်းပိတ်တယ်မဟုတ်လား?"

"ဟုတ်တယ်။ ဒါပေမယ့် ဘော့စ်က ငါတို့ကို ပိတ်ရက်မပေးဘူးလေ"
အဒေါ်ကြီးက သူ့တံမြက်စည်းရှည်ကို မှီထားသည်။
"ကြမ်းပြင်ပေါ်မှာ ကောက်ရိုးတိုတွေကို လှဲနေတာ"

လင်းချန်က ကွဲလွဲမှုကို သတိထားလိုက်မိသည်။ ဘာကြောင့် ယန်ချင်ရဲ့သော့အတွက် အဒေါ်ကြီးက သူ့ကို လာရှာရတာလဲ?

သူက မေးလိုက်သည်။ "ကျွန်တော့်ကို သော့လာမေးဖို့ ဘယ်သူကပြောလိုက်လဲ?"

"အိုး။ ဘာလို့လဲဆိုတော့ မင်းတို့၂ယောက်က ရင်းနှီးလို့လေ"
အဒေါ်ကြီးက ပြုံးလိုက်သည်။ သူမက အမြဲတမ်း ချောမောတဲ့လူငယ်လေးတွေကို သဘောကျတာကြောင့် သူမက ပိုပြီးစကားများနေသည်။
"သူမက အလုပ်ထွက်သွားပြီးတော့ သော့တွေကို မင်းဆီမှာထားခဲ့တယ်လို့ ပြောခဲ့တယ်။ မဟုတ်ဘူးလား? တခုခုဖြစ်တိုင်း သူမက မင်းဆီကိုလာတတ်တာ လူတိုင်းသိနေတာပဲ..."

အဒေါ်ကြီးက ဆက်ပြီးစကားပြောနေချင်ပေမယ့် လင်းချန်က စိတ်ထင့်သွားသည်။

ယွီယန်ချင်က အလုပ်ထွက်သွားပေမယ့် သူမသော့တွေကို ပြန်ထားခဲ့ရမယ့်အစား သူ့ကိုပေးခဲ့တယ်လို့ လူတိုင်းကို ပြောခဲ့တာလား?

ဒါပေမယ့် သော့တွေက သူ့မှာမရှိပါဘူး။ သော့မရှိဘူးဆိုရင် ထောက်ပံ့အဆောင်ဌာနကို တံခါးဖျက်ဝင်ရလိမ့်မည်။

တံခါးအနောက်မှာ ဘာရှိနေလို့လဲ?

"ကျွန်တော့မှာ သော့ရှိရင်ရှိမှာပါ။ ဒါပေမယ့် ရှာကြည့်ရဦးမယ်။ အရင်ဆုံးတခြားနေရာတွေကို အရင်တံမြက်စည်းလှဲထားလို့ ရမလား?"
လင်းချန်က သူမကို ငုံ့ပြောပြီးနောက် သူ့အိပ်ရာဘေးကို ပြန်လှည့်လာပြီး ခုန်လျန်ရဲ့နံပါတ်ကို ဖုန်းခေါ်လိုက်လေသည်။

ပြစ်မှုဆိုင်ရာစိတ်ပညာ/ျပစ္မႈဆိုင္ရာစိတ္ပညာWhere stories live. Discover now