Part 1🚨🔞

36.7K 251 4
                                    

Uni~

Part 1

မနေ့တနေ့ကမှ မီးအသက်18ပြည့်တယ်ဆိုပြီး ပါးပါးဝယ်ပေးထားတဲ့ ပန်းရောင် စက်ဘီးလေးကို စီးပြီး ခြံထဲသို့ မှန်မှန်လေး စီးဝင်လာရင်း အိမ်ရှေ့မှာ
နာမည်ကြီး နောက်ဆုံးပေါ် အနက်ကား 5စီးလောက်
ရပ်ထားတာ တွေ့လိုက်သည်။

"ဘယ်သူတွေလဲ ပါးပါးဧည့်သည်ဖြစ်မှာပါ.."

စက်ဘီးကို ထောင့်ချထားလိုက်ပြီး ခြေထဲမှာမှ မုန့်ထုပ်လေးကို ကောက်ယူပွေ့ဖက်ထားပြီး
လက်ထဲမှ မုန့်ထုပ်လေးတွေကို ကြည့်ရင်းပျော်ရွှင်စွာနဲ့
ပြုံးနေကာ အိမ်ထဲမှ ပြေးဝင်သွားလိုက်သည်။

"ဟင်.."

တံခါးပေါက်နားမှာ လူမဲကြီး နှစ်ယောက်က မတ်တပ်ရပ်ပြီး
ရှေ့မှ လက်ကို ယှက်ပြီး မတ်မတ်ကြီးရပ်နေသည်။

ဟိုလူနှစ်ယောက်က မီးကို တွေ့လိုက်တော့
တယောက်မျက်နှာ တယောက်ကြည့်နေသည်။

မီးက နားမလည်နိုင်သလို အံသြမှုများစွာနဲ့ မျက်တောင်လေး
တဖျပ်ဖျပ်ခတ်ပြီး အိမ်ထဲဝင်မယ်လုပ်တော့ ထိုလူနှစ်ယောက်က မီးကို တားလိုက်သည်။

"ဝင်လို့မရဘူး.."

"ဘာဖြစ်လဲ ဒါမီးအိမ်ပဲ ကိုယ်အိမ်ကိုယ်ဝင်တာ ဘာဖြစ်လဲ.."

ဟော့ စလာပါပြီး တစ်ဦးတည်းသမီးရဲ့ အကျင့်။
တစ်ဦးတည်းလေး သမီးတယောက်ဖြစ်တဲ့အတွက်
မိဘတွေ အလိုလိုက် အကြိုက်ဆောင်နေတော့
အိမ်မှာ မီးရဲ့ စိတ် မီးရဲ့ ကိုယ်သက်သက်သာ။
မျက်နှာတစ်ချက်မှ မညှိုးအောင် မိဘတွေ စိတ်ကြိုက်ပေးနေသည်။ပြောချင်ရင် ရှေ့မကြည့်နောက်မကြည့်ပဲ ပြောတက်သလို
အရမ်းလည်း မျက်ရည်လွယ်ပြီး တွေးရင်ဝမ်းနည်းတက်တဲ့အကျင့်ကရှိနေသေးသည်။

ထိုလူနှစ်ယောက်ကို မျက်စောင်းထိုးပြီး နှုတ်ခမ်းလေးစူကာ
အိမ်ထဲမှ ဝင်သွားတော့သည်။

>>>>>>>

"ခင်ဗျား အကြွေးဘယ်တော့ဆပ်မလဲ.."

ဧည့်ခန်းထဲမှာမှ တည်ငြိမ်စွာ ထွက်ပေါ်လာတဲ့အသံကြောင့်
ဦးသက်ခိုင်ခများ ချွေးတွေ ပြန်လာတဲ့အထိပင် လန့်နေရသည်။

မီးအချစ်က ဦးဆီမှာ🚨🔞‼️Where stories live. Discover now