Uni
Part - 6
ကိုသက်ခိုင်တို့လင်မယားလည်း သူ့ခြံတွင်းသို့ရောက်လာပြီ
ကြီးကျယ်ခမ်းနားတဲ့အိမ်စံတော်ကြီးကြောင့်မျက်စိတွေမယုံနိုင်အောင် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ခြံဆိုလည်း အကျယ်ကြီးပင်။သူမတို့ကားနဲ့ဝင်လာရသည်မှာ
အိမ်ရှေ့ရောက်ဖို့ 15minလောက်မောင်းလာခဲ့ကြရသည်။
ခြံဝင်းထဲမှာ အပင်မျိုးစုံ၊ ပန်းပင်မျိုးစုံတွေ့ရပြီ အိမ်ရှေ့မှာ
အတော်လက်ရာမြောက်တဲ့အလှရေဗန်းကြီးရှိနေသည်။
အိမ်စံတော်ကြီးက သုံးထပ်တိုက်ဖြစ်သည်။အနောက်တိုင်းဆန်းဆန်းဆောက်ထားတဲ့အိမ်တော်က ငွေဘယ်လောက်ကုန်အောင်ဆောက်ထားလဲ မတွေးတောနိုင်ပင်။
ခြံအကျယ်အဝန်းဧရိယာကလည်း သူမတို့မခန့်မှန်းနိုင်ပင်။"မားမား ပါးပါး..."
သူတို့လင်မယားက ကြီးကျယ်ခမ်းနားတဲ့အိမ်နဲ့ခြံကို တအံ့တသြကြည့်နေရင်းမှ အိမ်ထဲမှပြေးထွက်လာတဲ့
သူမတို့ရဲ့အသက်တမျှချစ်ရတဲ့သမီးလေးကိုမြင်တော့
ဒေါ်သက်လျာကအပြေးလေးနဲ့ ပြေးဖက်လိုက်သည်။"မားမားသမီးလေး စိတ်ပူလိုက်ရတာ
ဘာဖြစ်သွားသေးလဲသမီး မျက်နှာလေးက တော်တော်လေးချော်သွားတယ် ဒီအိမ်ကသမီးကိုနှိပ်စက်လို့လား..."ဒေါ်သက်လျာ သမီးဖြစ်ကို စိုးရိမ်တကြီးနဲ့ဖက်ပြီး
မျက်နှာအနှံ့ကို နမ်းပြီ သမီးကိုယ်ပေါ်မှာဒဏ်ရာရှိလာဟိုကြည့်ဒီကြည့်ရင်း
သမီးဖြစ်သူကိုမေးလိုက်သည်။မီးသည်နဲ့မျက်ရည်လေးကျကာ ခေါင်းခါပြီ
"မီး ဘာဖြစ်ဘူးမားမား မီးလွမ်းလိုက်တာ ဟင့်..."
"မငိုနဲ့တော့နော် မားမားရှိတယ်..."
သားအမိနှစ်ယောက် ပွေ့ဖက်ပြီ ငိုနေတာကိုဦးသက်ခိုင်ဘေးကနေကြည့်ပြီ
ဇနီးရဲ့ပုခုံးကိုခပ်ဖွဖွနှစ်သိမ့်ပေးလိုက်သည်။"ပါးပါး.."
သမီးဖြစ်သူခေါ်တော့ ဦးသက်ခိုင်လက်ဆန့်ပြီ
မီးအလိုက်တသိတိုးဝင်ဖက်ထားလိုက်သည်။
သမီးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပြီ
YOU ARE READING
မီးအချစ်က ဦးဆီမှာ🚨🔞‼️
Romance"ကိုယ်မင်းကို မြင်ပြီးကတည်းက ကျန်တဲ့ မိန်းကလေးတွေကို ခံစားလို့မရတာ"