Uni
"ကိုကို ရောက်လာပြီလား"
ရတုကားပေါ်ကဆင်းလာပြီဆိုင်ထဲဝင်သည်နှင့်
လစ်ခနဲ့သူ့ရင်ခွင်ထဲပြေးဝင်လာတဲ့ယံသော်ဇင်ကြောင့်
ကြောင်အနေပြီ သူကတော့ရင်ခွင်မှပြုံးပြကာ"ကိုကို့ကိုစောင့်နေတာကြာပြီသိလား ဟီး"
ရတုသိလိုက်ပြီ ယံသော်ဇင်မူးနေတာ..
မန်လေးမှာရှိတဲ့ယံသော်ဇင်ကို လာကြိုခိုင်းတာကြောင့်
သူရောက်လာခဲ့ခြင်းဖြစ်သည်။သူ့ရင်ခွင်ထဲမှ
အကောင်က ပါးလေးက နီရဲသလိုနှာခေါင်းလေးလည်း
နီကုန်သည်။"ယံသော်ဇင် မင်းမသောက်တက်ပဲနဲ့
ဘာလို့သောက်နေတာလဲ""ကိုကိုကလည်း ပိကျိလေးပဲသောက်တာ
သူငယ်ချင်းခေါ်လာလို့ ဒီနေ့ကရန်နိုင်ထိုက်ရဲ့
မွေးနေ့လေ ဟီး မွေးနေ့ မွေးနေ့..""ကျစ်!"
မူးမူးနဲ့မျက်လုံးမှေးစင်ပြီ ပြောနေတဲ့ပုံကြောင့်သူစိတ်ညစ်သွားရသည်။
သူတို့ဝိုင်းကို ကြည့်တော့ သူတွေ့နေကျယံသော်ဇင်ရဲ့
သူငယ်ချင်းတစ်ယောက်ရယ်နဲ့ မျက်နှာစိမ်းနှစ်ယောက်။အဲ့မျက်နှာစိမ်းကို သူလှမ်းကြည့်တော့
တစ်ယောက်ကမျက်နှာလေးကိုငုံ့ချပေမဲ့ ကျန်တစ်ယောက်ကတော့
သူ့ကိုမနှစ်လိုတဲ့အကြည့်နဲ့ကြည့်နေ၏။ဒီကောင်ဘာလဲ ကြည့်နေတဲ့ပုံက ယံသော်ဇင်နဲ့
အခုလိုနေနေတာ မကြိုက်တဲ့သဘော..အဲ့ကောင်နဲ့ထပ်တူ သူခပ်စူးစူးပြန်ကြည့်
လိုက်သည်။ရင်ခွင်ထဲက ယံသော်ဇင်က
အငြိမ်မနေပဲ သူမေ့စေ့ကိုမော့နမ်းနေသည်။"ဘယ်လိုဖြစ်တာလဲ ငြိမ်ငြိမ်နေစမ်း.."
သူပိတ်ဟောင်လိုက်ပေမဲ့အပြုံးအပျက်ပဲ
သူ့ရင်ဘက်ရော သူ့လည်တိုင်ရော အကုန်ပွတ်သပ်လျှောက်နမ်းနေ၏။
ငါ့နော် စိတ်ရှိလက်ရှိကိုင်ပေါက်လိုက်ရင်တော့ အသားတခြားအရိုးတခြားဖြစ်သွားမယ်...ကိုထက်ရဲ့စေ့စပ်မင်္ဂလာပွဲရှိတဲ့အတွက်
ကိုထက်ကမန်းလေးမှာရှိတဲ့ယံသော်ဇင်ကို လာကြိုခိုင်းဖြစ်၏။သူအိမ်သို့ရောက်တော့ အိမ်ထိန်းတော်ကြီးက သူငယ်ချင်းတွေနဲ့
ထွက်သွားတယ်တဲ့ ဘယ်မှာသွားလဲ
ပြောမသွားတာကြောင့် အဒေါ်ကြီးကမသိ။
ဒါကြောင့် ယံသော်ဇင်တည်နေရာကိုရှာဖွေလိုက်တော့
နာမည်ကြီးဘားကလပ်တစ်ခုမှာ...
VOUS LISEZ
မီးအချစ်က ဦးဆီမှာ🚨🔞‼️
Roman d'amour"ကိုယ်မင်းကို မြင်ပြီးကတည်းက ကျန်တဲ့ မိန်းကလေးတွေကို ခံစားလို့မရတာ"