Uni~~
Part 9
သူမမျက်ရည်လေးတွေကို သူမြင်ရတော့ ဒေါသက အလိုလိုထွက်လာသည်။မငိုနဲ့ မကြိုက်ဘူး
အဲ့မျက်ရည်က ကိုယ်မြင်ရရင်နာကျင်ရတယ် မီးငယ်ရယ်"မငိုနဲ့ တိတ် တိတ် တိတ်တော့နော် .."
သူဖက်တာကို အဖက်မခံတော့ပဲ အတင်းရုန်းနေတော့
သူသဲယားစွာနဲ့ထိုကိုယ်သေးသေးလေးကို သူ့ရင်ခွင်ထဲမှာ ပျောက်ကွယ်လုမတက် ဖက်ထားလိုက်သည်။"လူကြီး ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ မီးကြောက်တယ်
မီးကိုလည်း ရိုက်မှာလား...""ဟ ဘာလို့ရိုက်ရမှာလဲ ကျစ်! မဟုတ်တာတွေ လျှောက်မတွေးရဘူး.."
ပြဿနာတစ်ဆင့်ကနေနှစ်တက်နေရတဲ့သူအဖြစ်သူမ အထင်မလွဲအောင် ဖြေးရှင်းရတော့မည်။
ရင်ခွင်ထဲမှ သူမကို ငုံ့ကြည့်ပြီ အရင်ကလိုမျိုး လုပ်ချင်တာလုပ်လဲ ဘယ်သူမှ သူ့ကို ဘာမှမပြောရဲကြ။ညီဖြစ်သူယံသော်ဇင်လည်း သူ့ကို ဘာမှမပြောရဲ။စိတ်ကြိုက်နေပြီ စိတ်ကြိုက်လုပ်တတ်တဲ့သူက သူမနဲ့တွေ့မှ မရှုပ်တဲ့အရာက ရှုပ်ယှက်ခတ်သွားအောင် မနည်းဖြေရှင်းရသည်။
သူမက သူ့ကို ရိုက်နှက်တတ်သူလို့မြင်သွားမှာလဲ အရမ်းစိုးသည်။
အခုလည်းသူမကသူ့ကိုကလေးအတွေးတွေနဲ့ရိုက်နှက်တတ်သူလို့
မြင်သွားပြီ။ချစ်တောင်မှမဝတာ ဘယ်လိုရိုက်နှက်ရမှာလဲ။
သူမက သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့လူသားလေးဆိုတာ သူမပဲမသိခဲ့တာ။သူလည်းမပြောပြခဲ့ဘူး။ကိုယ့်မျက်စိရှေ့က မပျောက်ကွယ်ရင် သူအသက်ရှူချောင်နေပါပြီ။"မီးငယ် ကိုယ်ပြောမယ် ကိုယ့်ကိုယ်ကြည့်..."
သူ့ကိုမျက်ရည်တွေနဲ့ ကြည့်လာတော့ သူစိတ်မကောင်းဖြစ်သွားရသည်။
သူမမျက်ရည်လေးတွေကို တယုတယသုတ်ပေးလိုက်ပြီ..."နားထောင်နော် ကိုယ်လောင်းကစားရုံသွားတာ
ကိုယ့်တပည့်တယောက်ရဲ့ပေါ့လျော့မှုကြောင့် ဒေါသထွက်နေတာ
အဲ့ဒါ အဲ့မိန်းကလေးက ကိုယ့်ခွင့်ပြုချက်မရပဲ အခန်းထဲဝင်လာတယ် ပြီးတော့ ကိုယ့်ကိုဆွဲဆောင်တယ်
သူ့ကိုယ်ပေါ်မှာ ကိုယ်အရမ်းမုန်းတဲ့အရောင်ကိုဝတ်ထားတယ်ကွာ
ဒေါသလည်းထွက်နေတာ အရောင်ကိုမြင်မှ ပိုပြီထွက်သွားတယ်
ပြီးတော့ကိုယ့်ကိုယ်ဟိုလျှောက်ကိုင်ဒီလျှောက်ကိုင်နဲ့ အဲ့လိုမိန်းကလေးမျိုးကြောင့်နဲ့ပျက်ဆီသွားတယ်တဲ့လူက
အများကြီး ချူစားကြတယ် သူများလင်မယားမကွဲကွဲအောင်လုပ်တယ်
အဲ့လိုမျိုးမိန်းကလေးဆို ကိုယ်တစ်စက်မှကြည့်လို့မရဘူး.."
YOU ARE READING
မီးအချစ်က ဦးဆီမှာ🚨🔞‼️
Romance"ကိုယ်မင်းကို မြင်ပြီးကတည်းက ကျန်တဲ့ မိန်းကလေးတွေကို ခံစားလို့မရတာ"