Uni
သူခုံပေါ်မှ အလုပ်တွေကို ထိုင်လုပ်နေမိ၏။
လကုန်မှာဖြစ်တဲ့အတွက် စက်ရုံကစာရင်းတွေရော
ဒီဇိုင်းနာဘက်ကစာရင်းတွေရော ငွေဝင်ငွေထွက်ကို
သူအကုန်စစ်ဆေးနေသည်။မီးချိုးခန်းထဲက ထွက်လာပြီ လူကြီးကို
တစ်ချက်ကြည့်လိုက်သည်။အလုပ်စားပွဲမှ
အလုပ်ကို အာရုံစိုက်ပြီ လုပ်ကိုင်နေတဲ့
လူကြီးက မီးအခန်းထဲဝင်လာတော့ မီးကိုတစ်ချက်သာလှမ်းကြည့်ပြီ အလုပ်ကို
ပြန်လုပ်သည်။မီးမှန်ရှေ့က ထိုင်ပြီ ခေါင်းဖီးသိမ်းကာ
လူကြီးကို တစ်ချက် တစ်ချက်လှမ်းကြည့်မိသည်။
မဲနက်နေတဲ့ မျက်ခုံးတန်းကြီးက အနည်းငယ်
ကြုတ်ထားပြီစူရှလှတဲ့မျက်ဝန်းကြီးက
အားပြင်းစွာနဲ့ အလုပ်ကိုစူးစိုက်ကြည့်နေသည်။'မီးပြောရမဲ့စကားကို ဘယ်လိုပြောရမလဲ
လူကြီးလက်ခံပါမလား မီးစိတ်လည်းထိန်းမနိုင်
သိမ်းမနိုင်တော့ဘူး မပြောလည်းမနေနိုင်ဘူး
ပြောဖြစ်အောင် ပြောရမယ် ဘယ်လိုပြောရမလဲ'သူ့အလုပ်လုပ်နေရင်း သူမက သူ့ကို ခနခနလှမ်းကြည့်တက်တာ သူသတိထား
မိနေသည်။ဘာမှမပြောပဲ မသိချင်ဟန်ဆောင်ကာ သူလုပ်စရာရှိတာလုပ်နေမိသည်။အချိန်အကြာကြီး သူ့ကိုမှန်ရှေ့မှာထိုင်နေကာ အကြောင်းမရှိအကြောင်း
ရှာပြီ ဆံပင်လေးကိုဖီးသိမ်းနေတာအချိန်တော်တော်
ကြာမြင့်နေခဲ့သည်။ဒီကလေးဘာဖြစ်ပြန်တာလဲ တစ်ခုခုတော့
တစ်ခုခုပဲ လူကို တစ်ခုခုပြောချင်ရင်အဲ့လိုမျိုး
အကျင့်ရှိနေတာ သူသိတယ် အခုရော ဘာပူဆာချင်နေသေးတာလဲမှန်ရှေ့ကထပြီ လူကြီးဆီလှမ်းလာခဲ့သည်။
အလုပ်နဲ့အကြည့်တွေ တချက်မှ မလွှတ်ပဲ
တစိုက်မတ်တမတ်လုပ်နေသည်။မီးအနားသို့ ယောင်လည်လည်သွားပြီအခြေအနေအချိန်အခါကို
ကြည့်ရမှာ။"လူကြီး"
"အင်းကလေး ကိုယ်ရှိတယ်"
မီးလူကြီးအနားသို့သွားပြီ လူကြီးပေါင်မှ
ထိုင်လိုက်သည်။Laptopဆီမှ အကြည့်
မခွာပေမဲ့ ရင်ခွင်ထဲရောက်နေတဲ့မီးကို လူကြီးက
ငုံ့နမ်းသည်။
YOU ARE READING
မီးအချစ်က ဦးဆီမှာ🚨🔞‼️
Romance"ကိုယ်မင်းကို မြင်ပြီးကတည်းက ကျန်တဲ့ မိန်းကလေးတွေကို ခံစားလို့မရတာ"