Part 5

10.6K 115 2
                                    

Uni~~

part-(5)

မနက်ခင်းရဲ့ နေရောင်ဖျော့ဖျော့လေးက
သူ့ကို ပိုမိုတက်ကြွစေတာမဟုတ်ပဲနဲ့ သူ့ရင်ခွင်ထက်မှ
ကွေးကွေးလေးအိပ်ပျော်နေတဲ့ သူမလေးကြောင့်
သူပီတိဖြစ်မဆုံး ပြုံးနေမိသည်။

ညကအဖြစ်အပျက်မှာ အမှန်တကယ်ဆို သူမှားတာပေါ့
အသားနာတာ မကြိုက်တဲ့သူ့အတွက်တော့ ထိပ်ခနဲ့ဆို
ဒေါသကအလိုလိုထွက်လာတာက ငယ်ငယ်ကတည်းကပင်။

ကလေးမကို ထိတွေ့မိတိုင်း ပီတိဖြစ်နေတဲ့ သူ့ခံစားချက်တွေကဘာနဲ့မှမလဲနိုင်လောက်အောင်
စွဲလမ်းတတ်သွားတဲ့သူ့စိတ်ကဘာအကြောင်းကြောင့်လဲ  'အချစ်'ဆိုတာ  ဒါမျိုးလား ?

ညက သူ့အရမ်းကြမ်းထားတာ သူအသိဆုံးပါ
တစ်ရက်ထက်တစ်ရက် ပိုပိုစွမ်းလမ်းလာတတ်တဲ့စိတ်ကို
သူဘယ်လိုလုပ်ရမလဲ

မျက်နှာလေးကို ဖုံးသွားတဲ့ဆံနွယ်လေးတွေကိုလက်ဖြင့်
ညင်သာစွာသပ်တင်ပေးပြီ  နဖူးလေးကို ငုံနမ်းလိုက်သည်။
သူတစ်ချက်ပြုံးလိုက်ပြီ ခြုံထားတဲ့စောင်ကို ဖယ်ရှားကာ
ကုတင်ပေါ်မှ ဆင်း၍  သဘက်တထည်ယူရင်း ခါးမှာပတ်ပြီ
ရေချိုးခန်းသို့ ဦးတည်လိုက်လေသည်။

ကိုယ့်ကိုမမုန်းလိုက်ပါနဲ့နော် မင်းသာမုန်းရင် ဒီလူကြီးက
သေသွားရလိမ့်မယ် မီးငယ်

>>>>>>>>>>>>

သူရေချိုးပြီးလို့ သူမနိုးလာမည့်အလားကို စောင့်နေရင်း
လုပ်ရှိရှိတဲ့အလုပ်နဲ့ ထိုင်လုပ်နေမိသည်။

"နိုးလာပြီးလား..."

ထိုအချိန်မှာပဲသူမကနိုးလာတော့ သူမေးလိုက်သည်။
သူ့ကို ဘာမှပြန်မပြောပဲ ငြိမ်နေတာကြောင့်
Laptopနှိပ့်နေရင်ကနေ လှမ်းကြည့်လိုက်သည်။

"အဲ့လို ထိုင်မနေနဲ့ ရေသွားချိုတော့ မကြာစေနဲ့နော်
တခြားနေရာတွေမှာပဲ ကြာတာကောင်းတယ် ရေချိုးတဲ့နေရာတွေမှာ ကြာရင်မကောင်းဘူး ..."

မီး ဒီလိုငြိမ်နေတာ သူစိတ်အလိုမကျရင် မီးကို တစ်ခုခုထလုပ်မှာကြောက်သည်။သူက လူစိတ်ရှိတာ မဟုတ်ဘူးရယ်
ဒါကြောင့် အခုချိန်မှာ သူ့လက်ထဲမှာ ရှိနေတာကြောင့်
သူ့စကားနားထောင်ရမည် မဟုတ်ရင် ....ဆက်ပြီ မတွေးရဲလောက်အောင်ပင်။

မီးအချစ်က ဦးဆီမှာ🚨🔞‼️Where stories live. Discover now